အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အထောက်အထားမဲ့ ကလေးအားလုံး ပညာသင်ခွင့်ပေးမယ့် ထိုင်းအစိုးရညွှန်ကြားချက်ကို မြန်မာတွေကြိုဆို

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ကလေးတွေအားလုံး ပညာသင်ကြားခွင့်အတွက် ကျောင်းအပ်လက်ခံပေးဖို့ ထိုင်းပညာရေးဝန်ကြီးဌာနက သူတို့လက်အောက်က မြို့နယ်ပညာရေးမှူးရုံးတွေ အားလုံးကို  ဩဂုတ်လ ၂၆ ရက်မှာ ညွှန်ကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ကလေးတွေအားလုံး ပညာသင်ကြားခွင့်အတွက် ကျောင်းအပ်လက်ခံပေးဖို့ ထိုင်းပညာရေးဝန်ကြီးဌာနက သူတို့လက်အောက်က မြို့နယ်ပညာရေးမှူးရုံးတွေ အားလုံးကို  ဩဂုတ်လ ၂၆ ရက်မှာ ညွှန်ကြားခဲ့ပါတယ်။

အခြေခံပညာဌာနက ထုတ်ပြန်ထားတဲ့  လမ်းညွှန်ချက်တွေနဲ့  စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး ကလေးတွေကို ကျောင်းအပ်လက်ခံပေးဖို့  တိုက်တွန်းပါတယ်ဆိုပြီး  ထိုင်းဘာသာနဲ့ ညွှန်ကြားထားတာပါ။ 

မြန်မာကလေးငယ်တွေကို ပညာသင်ကြားခွင့်ပေးမယ့် ထိုင်းအစိုးရရဲ့ ညွှန်ကြားချက်ကို ကြိုဆိုတယ်လို့ ထိုင်းနိုင်ငံမှာအခြေစိုက်ပြီး  လွန်ခဲ့တဲ့ ၁၅နှစ်ကတည်းက ရွှေ့ပြောင်းမြန်မာကလေးငယ်တွေပညာရေးကို ကူညီနေတဲ့ BEAM ပညာရေးဖောင်ဒေးရှင်း တည်ထောင်သူ ဦးကျော်ကျော်မင်းထွဋ်က ပြောပါတယ်။ 

ဒါပေမယ့် နောက်ခံပညာရေး၊ ဆက်စပ်နေတဲ့ နှစ်နိုင်ငံယဉ်ကျေးမှုနဲ့ နှစ်နိုင်ငံ ဘာသာစကား ပေါင်းကူးပေးမှုတွေကို ထပ်လုပ်ဖို့ လိုအပ်ကြောင်း BEAM က အကြံပြုပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုင်းအစိုးရကျောင်းတွေမှာ ကျောင်းအပ်တဲ့အခါ လက်မခံတဲ့ အခက်အခဲတွေက အရင်ကတည်းက ရှိနေတာကြောင့် ထိုင်းပညာရေးဌာနရဲ့ အခုညွှန်ကြားချက်ကြောင့် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာ လာမယ့် ကျောင်းဖွင့်ရာသီမှာ စောင့်ကြည့်ရမယ်လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာတစ်ဦးက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့  မြန်မာအလုပ်သမား စုစုပေါင်း ၂ဒသမ ၃သန်းကျော်နဲ့ မှတ်ပုံမတင်ရသေးတဲ့သူ ၂ သန်းကျော်ရှိနေနိုင်တယ်လို့  အလုပ်သမားရေးလှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။ 

မြတ်ကြီး/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button