အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ပစ်ခတ်မှုနဲ့ သတ်ဖြတ်မှု နောက်ဆက်တွဲ မဲဆောက်မြို့ အခြေအနေ

ဇန်နဝါရီလ ၂၀ ရက်နေ့ တစ်ရက်ထဲမှာပဲ ထိုင်း- မြန်မာ နယ်စပ်က မဲဆောက်မြို့ မှာ လူသတ်မှု နဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရမှု ဖြစ်စဉ်အပြီး မဲဆောက်ရောက် မြန်မာနိုင်ငံသားတွေထဲ စိုးရိမ်မှုတွေ ရှိလာပါတယ်။ 

မြန်မာနိုင်ငံသား သိန်းနဲ့ချီနေထိုင်တဲ့ မဲဆောက်မှာ ထိုင်းအာဏာပိုင်တွေဘက်က နေထိုင်ခွင့်လက်မှတ်နဲ့ စာရွက်စာတမ်း စစ်ဆေးတာတွေ ပိုတင်းကျပ်လာနိုင်တယ်လို့ မဲဆောက်ဒေသခံတွေက ပြောပါတယ်။ 

ဒီနေ့ ဇန်နဝါရီလ ၂၂ ရက် နေလယ်ပိုင်းမှာတော့ သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ မြန်မာလူငယ်ကို ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဖြစ်တဲ့ ဗိုလ်တာဘောနဲ့ အဖွဲ့က ထိုင်းအာဏာပိုင်တွေဆီကို လွှဲပေးလိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရသူ ပဒိုစောတောနီးက Myanmar Now ကို အတည်ပြုပါတယ်။ 

ကိုလှိုင်း/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles