လွန်ခဲ့တဲ့ ၁၇နှစ်က ‘နာဂစ်မုန်တိုင်း’ ကြောင့် လူတစ်သိန်းကျော် အသေအပျောက်ရှိခဲ့တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ကူညီကယ်ဆယ်ရေးလုပ်ဖို့လာသူတွေကို စစ်တပ်အရာရှိတစ်ဦးက ခါးကြားထဲက သေနတ်ထုတ်ပြီး ခြိမ်းခြောက်တာ ကြုံခဲ့ရတဲ့အကြောင်း ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ပြောပြပါတယ်။
၂၀၀၈ခုနှစ်၊ မေလ ၂ရက်နေ့က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီးမှာ စစ်တပ်က ကူညီကယ်ဆယ်ရေးတွေ ထိထိရောက်ရောက်မလုပ်တဲ့အပြင် အဲ့ဒီဒေသတွေကို စစ်မြေပြင်လို သတ်မှတ်ခဲ့တာပါ၊ ကူညီကယ်ဆယ်ရေးသမားတစ်ဦးကို အဲ့ဒီကာလ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း၊ တည်းဖြတ် – အောင်ခမ်း၊ ကိုလှိုင်း



