အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သီပေါမြို့တွင် ဆန္ဒပြသူတစ်ဦး ပစ်သတ်ခံရ

ရှမ်းပြည်နယ် သီပေါမြို့၌ အာဏာသိမ်းမှုဆန့်ကျင်နေသည့် ပြည်သူများကို စစ်ကောင်စီ၏ လက်နက်ကိုင်တို့က ယနေ့ (မေ ၂) နံနက်ပိုင်းတွင် ပစ်ခတ်ရာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိထားကြောင်း မြို့ခံကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

သီပေါမြို့ ဘုရားကြီးကုန်းအနီး ဦးခေါင်းကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသူ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနိုင်ခြင်းမရှိသေးကြောင်း သူက ဆက်ပြောသည်။

“လောလောဆယ်တော့ သူ့အိမ်ကို ပြန်ပို့ဖို့ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာမှ မမေးနိုင်သေးဘူး။ သူတို့(စစ်တပ်)က မနက်ကဖြစ်တဲ့နေရာ (အကြမ်းဖက်ဖြိုခွင်းတဲ့နေရာ)ကိုလည်း ရောက်ရောက်လာတယ်။ အဖမ်းခံရတာတွေလည်း ရှိတော့ (သေဆုံးသူ) ကောင်လေးနာမည်ကို မမေးနိုင်သေးဘူး” ဟု ကယ်ဆယ်ရေးသမားတစ်ဦးက Myanmar Now ကို ပြောသည်။

ယနေ့နံနက် ဆန္ဒပြသူ ၁၀ ဦးထက်မက ဖမ်းဆီးခံထားရကြောင်း၊ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မြို့ပေါ်၌ လုံခြုံရေးတင်းကျပ်ထားပြီး ပြည်သူများကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သီပေါမြို့ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်၍ မရသေးပေ။

မြို့နယ်အများအပြားမှ ဒေသခံတို့သည် ပစ်ခတ်နှိမ်နင်းမှုများကြားမှ နည်းအမျိုးမျိုးဖြင့် ဆန္ဒဖော်ထုတ်နေကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button