အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အ​လော့ဘွမ်​စခန်းကို ဆက်လက်သိမ်းပိုက်ထားဟု KIA တာဝန်ရှိသူပြော 

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း KIA (ကချင်လွတ်လပ်​ရေးတပ်မ​တော်) က ထိန်းချုပ်ထား​သော အလော့ဘွမ်‌​တောင်စခန်းကို အာဏာသိမ်းစစ်ကောင်စီ စစ်တပ်က ထိုးစစ်ဆင်​တိုက်ခိုက်နေ​သော်လည်း ဆက်လက်ထိန်းချုပ်ထား​ဆဲဖြစ်​ကြောင်း KIA တာဝန်ရှိသူက ယနေ့ (ဧပြီ ၁၃) တွင် ​ပြောသည်။

“ဒီမနက်ထိုးစစ်က မြေပြင်က တိုက်ပွဲတွေ ရှိပါတယ်။ ဒါပေမဲ့ လေယာဉ်လာတာတော့ ဒီနေ့တော့ အခုထက်ထိ မရှိသေးပါဘူး။ အခုလက်ရှိ အခြေအနေက တပ်မတော်တွေကလည်း အလော့ဘွမ်ဘက်နဲ့‌တော့ နည်းနည်းတော့ဝေးတယ်။ မရောက်သေးဘူးပေါ့နော်။ မ​ရောက်ဘဲနဲ့ ပြန်ဆုတ်သွားမှာ‌လားတော့ မသိဘူးပေါ့။ ဒါကြောင့် အားလုံးကတော့ KIA ထိန်းချုပ်တဲ့အနေအထား ဖြစ်ပါတယ်” ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောကြားသည်။

သို့သော် ယမန်နေ့ကတည်းက အပြင်းအထန်ဖြစ်ပွားနေသော တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ မသိရသေးကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။ 

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ခြင်း ရှိ၊မရှိနှင့် ပတ်သက်၍လည်း “စစ်ကောင်စီရဲ့တပ်အပေါ် မူတည်မှာပါ။ သူတို့ဆက်တိုက်မယ်ဆို တိုက်ပွဲက ပြင်းထန်လာမှာ သေချာပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးမောက်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ အလော့ဘွမ်တပ်စခန်းကို KIA က ပြီးခဲ့သည့် မတ်လအတွင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်ကာ အဆိုပါစခန်းပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကောင်စီတပ်များက ဧပြီ ၁၁ ရက်မှစ၍ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဧပြီ ၁၁ နှင့် ၁၂ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်များဘက်မှ အကျအဆုံးများခဲ့သည်ဟုလည်း သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီတပ်များက အလော့ဘွမ်ကို ထိုးစစ်ဆင်နေချိန် KIA က မိုးမောက်မြို့နယ် မြို့သစ်ရွာရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းနှစ်ခုကို ဧပြီ ၁၂ တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 

အာဏာသိမ်းပြီးချိန်မှစ၍ ကချင်ပြည်နယ်အတွင်း ဖားကန့်၊ မိုးကောင်း၊ အင်ဂျန်းယန်၊ ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်များတွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button