အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တမူးခုခံစစ်တွင် ပြည်သူတစ်ဦးနှင့် စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံး 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ရပ်ကွက်များအတွင်းကို ယနေ့ (ဧပြီ ၁၀) နံနက်ပိုင်းက စစ်ကောင်စီတပ်များ ဝင်ပစ်ခတ်ရာ ပြည်သူတစ်ဦး သေဆုံး၊  စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့သည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များသည် အာရှလမ်းမကြီးမှတဆင့် စန္ဒကူးရပ်ကွက်နှင့် ဈေးတန်းရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

“ရပ်ကွက်တွေထဲဝင်ပြီး ကင်းပုန်းဝပ်ပြီး ပစ်တာ။ လမ်းသွားလမ်းလာ သုံးယောက်ထိသွားတယ်။ တစ်ယောက်က ဆုံးသွားတယ်” ဟု တမူးမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

မွန်းလွဲပိုင်း ၂ နာရီခွဲဝန်းကျင် ဆက်သွယ်မေးမြန်းချက်အရ ရပ်ကွက်များအတွင်း ဝင်ရောက်ပစ်ခတ်နေဆဲဖြစ်ပြီး ဒေသခံများကလည်း တူမီးသေနတ်များဖြင့် ပြန်လည်ခုခံနေဆဲဖြစ်ကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ထိခိုက်မှုရှိကြောင်းကိုလည်း အခြားဒေသခံတစ်ဦးက အတည်ပြုသည်။

“သူတို့ဘက်ကတော့ အနည်းဆုံး သုံးယောက်ကျသွားတယ်။ ကျွန်တော်တို့ဘက်ကတော့ လမ်းပေါ်တက်သွားတဲ့ အမျိုးသားတစ်ဦး ခေါင်းထိသွားတယ်”ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့က ပြောက်ကျားတိုက်တာ။ ခံတပ်ရယ်လို့ သီးသန့်မလုပ်ဘူး။ ရပ်ကွက်တိုင်းမှာ ဘန်ကာတွေ လုပ်ထား‌တော့ သူတို့ မဝင်နိုင်ဘူး”

လုံခြုံရေးအခြေအနေကြောင့် သတင်းရင်းမြစ်များ၏ အမည်ကို ဖော်ပြခြင်း မရှိနိုင်ပေ။

မကွေးတိုင်း ဂန့်ဂေါ၊ စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ ကလေး၊ တမူး၊ ယင်းမာပင်နှင့် တန့်ဆည်မြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက အင်အားသုံးပစ်ခတ်ဖြိုခွင်းခဲ့ရာ ဒေသခံများကလည်း ရိုးရာလက်လုပ် တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်။ 

ယနေ့ နံနက်ပိုင်းတွင် ကလေးမြို့ဘက်မှ တမူးမြို့သို့ စစ်ကောင်စီ၏ တပ်ကူအင်အား ၂၀၀ ခန့်သည် ကား ၄ စီးဖြင့် ထပ်မံရောက်ရှိလာသည်ဟု ဒေသခံများက ပြောသည်။

နယ်စပ်မြို့ဖြစ်သော တမူးတွင် CDM ပြုလုပ်ထားသော ရဲတပ်သားတစ်ဦး ဦးဆောင်ကာ နန်းဖာလုံရဲကင်းကို ဧပြီ ၁ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။ 

တမူးမြို့နယ်၏ လတ်တလောအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနက ထုတ်ပြန်ခြင်း မရှိသေးပေ။

တမူးမြို့သည် စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုများတွင် အမြဲပါဝင်နေပြီး အစိုးရဝန်ထမ်းအများစုသည် CDM တွင် ပါဝင်နေသည်။ 

ဤအခြေအနေတွင် စစ်ကောင်စီလက်နက်ကိုင်များက လူနေရပ်ကွက်များအထိပါ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းနေခြင်း ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles