အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် ကော့သောင်းတွင် အနည်းဆုံး ၄ ဦး သေဆုံး

တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် စစ်ကောင်စီလက်နက်ကိုင်များက မြို့အတွင်း လှည့်လည်ပစ်ခတ်ခဲ့မှုကြောင့် ယနေ့ (မတ် ၃၀) တွင် အရပ်သားပြည်သူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ကော့သောင်းမြို့ ရွေဇင်ယော်ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ ခံတပ်ကို စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက်ဖျက်ဆီးတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး ထပ်မံ၍ လက်နက်ကိုင်အဖွဲ့ဝင်များ၏ မြို့အနှံ့လိုက်လံပစ်ခတ်မှုများကြောင့် ပြည်သူ ၃ ဦး ထပ်မံသေဆုံးခဲ့ရသည်။ 

“ဒဏ်ရာရနေတဲ့သူတွေ ရှိသေးတယ်။ အလောင်းပျောက်နေတာတွေ ရှိသေးတယ်။ ကျွန်တော်တို့သွားလို့ မရသေးဘူး ”ဟု မြို့ခံတစ်ဦးက Myanmar Now ကို  ပြောသည်။

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်၌ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သူများ တည်ဆောက်ထားသည့် ခံတပ်ကို စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အသက် ၃၀ အရွယ် ကိုမင်းကိုမှာ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီလက်နက်ကိုင်များက ရွှေဇင်ယော်ခံတပ်ကို ပတ်ပတ်လည်မှ ဆက်လက်ပစ်ခတ်သဖြင့် အသက် ၂၅ နှစ်အရွယ် ကိုကျော်သူရသည်လည်း ဗိုက်ပွင့်ဒဏ်ရာဖြင့် ခံတပ်အတွင်း ထပ်မံသေဆုံးခဲ့သည်။

ထို့အပြင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ရွှေဇင်ယော်ရပ်ကွက်အတွင်းသို့  ရွှေဟင်္သာရပ်ကွက် ပုလဲလမ်းနှင့် ရွှေပြည်သာရပ်ကွက်တို့ဘက်မှ ပိတ်ဆို့တားဆီက တရစပ်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုသို့ ရွှေဇင်ယော်ရပ်ကွက်ကို ပိတ်ဆို့တိုက်ခိုက်ခံနေရချိန်၌ ကော့သောင်းမြို့ရှိ တခြားသော ရပ်ကွက်များမှ ပြည်သူများက စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြမှုများပြုလုပ်ရာ စစ်ကောင်စီလက်နက်ကိုင်များက ဆန္ဒပြသည့်နေရာများကို လိုက်လံပစ်ခတ်ခဲ့သည့်အပြင် လမ်းသွားလမ်းလာများကိုပါ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘောလုံးကွင်းတွင်လည်း အမျိုးသားတစ်ဦး ကျည်ဆန်ငါးချက်ထိမှန် သေဆုံးကြောင်း ကြားသိရသော်လည်း ရုပ်အလောင်းရှာမတွေ့သေးကြောင်း မြို့ခံများက ပြောသည်။

ထို့အတူ အသက် ၃၈ နှစ်အရွယ် ကိုမျိုးဇင်ဆိုသူမှာလည်း အအေးဝယ်ရန် အပြင်သွားနေချိန်တွင် စစ်ကောင်စီလက်နက်ကိုင်များပစ်ခတ်မှုကြောင့်  ညာဘဘက်ရင်ဘတ် ကျည်ထိမှန်သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

ကော့သောင်းမြို့တွင် စစ်ကောင်စီလက်ချက်ကြောင့် ထပ်မံသေဆုံးခဲ့ရသူတစ်ဦးမှာ အသက် ၁၇ နှစ်အရွယ် နားဒူဆိုသူဖြစ်ပြီး ရွှေမင်းဝံရပ်ကွက်မှ ရွှေပြည်သာရပ်ကွက်အနီး အရောင်းအဝယ်ကိစ္စဖြင့် သွားလာစဉ် နောက်ကျောဘက်မှ ပစ်ခတ်ခဲ့ရပြီး ကျည်ဆန်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။ 

“နားဒူကို ကျောကုန်းကို သေနတ်နဲ့ပစ်လို့ နာဒူကျောကုန်းက ဖောက်ပြီး သူ့ရှေ့က ဆိုင်ကယ်မောင်းတဲ့သူ ကျောကုန်းပါ ထပ်စိုက်သွားတာ။ သူတို့က အရောင်းအဝယ်ကိစ္စနဲ့သွားတာ အပစ်ခံရတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ရွှေပြည်သာရပ်ကွက် လှသောင်းလမ်းသွယ်အတွင်း၌လည်း စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ အသက် ၃၇ နှစ်အရွယ် ဝင်းကိုကိုဆိုသူမှာ ဝမ်းဗိုက်ကျည်ဆန် ဖောက်ဝင်ဒဏ်ရာဖြင့် စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရသည်။ 

ကော့သောင်းမြို့တွင် ယနေ့ စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၇ ဦးထက်မနည်းရှိကြောင်း မြို့ခံများက Myanmar Now ကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles