အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းအောင်လှိုင်က ရှမ်းမြောက်စစ်ပွဲအပါအဝင် ရှုံးနိမ့်မှုများအတွက် ပြည်ပနိုင်ငံများကို အပြစ်ဖို့၊ KNU ကစစ်ပွဲအသစ်စရန်ပြင်ဆင်နေသည်ဟုလည်း ညည်းတွား

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကြုံတွေ့နေရသည့် စစ်ပွဲများအပါအဝင် ၎င်း၏တပ်ဖွဲ့များ ကြုံတွေ့နေရသည့် ရှုံးနိမ့်မှုများသည် တော်လှန်ရေးတပ်များကို ပြည်ပနိုင်ငံများကပေးအပ်သည့် လက်နက်၊ နည်းပညာနှင့် ရိက္ခာများကြောင့်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ယနေ့ပြောကြားသည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် စွပ်စွဲလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကြုံတွေ့နေရသည့် စစ်ပွဲများအပါအဝင် ၎င်း၏တပ်ဖွဲ့များ ကြုံတွေ့နေရသည့် ရှုံးနိမ့်မှုများသည် တော်လှန်ရေးတပ်များကို ပြည်ပနိုင်ငံများကပေးအပ်သည့် လက်နက်၊ နည်းပညာနှင့် ရိက္ခာများကြောင့်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ယနေ့ပြောကြားသည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် စွပ်စွဲလိုက်သည်။

၎င်းကမည်သည့်နိုင်ငံဟု တိတိကျကျပြောဆိုခြင်းမရှိသော်လည်း အိမ်နီးချင်း တရုတ်နှင့်ထိုင်းနိုင်ငံနယ်စပ်များမှ ရရှိသည့်လက်နက်များကြောင့် သူ၏တပ်များအထိနာနေသည်ဟုဝန်ခံခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကိုးကန့်ဒေသနှင့် လားရှိုးမြို့တို့ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ် MNDAA အသုံးပြုခဲ့သည့် ဒရုန်းများ၊ ရှော့တိုက်ဒုံးများသည် ပြည်ပပညာရှင်များ၏ အကူအညီဖြသ့် အဆင့်မြှင့်ထားသည့် လက်နက်များဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

MNDAA ၏တိုက်ခိုက်ရေး ဒရုန်းများကို “ပြင်ပကြေးစားနည်းပညာရှင်”များက အကူအညီပေးကာ အဆင့်မြှင့်ထားသည်ဟု စစ်ခေါင်းဆောင်ကဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“(တရုတ်-မြန်မာနယ်စပ်မှာ ဒီလိုလက်နက်ခဲယမ်းမီးကျောက်စက်ရုံတွေ တည်ထောင်နိုင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့မရနိုင်ပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာအင်အား များစွာလိုအပ်တာဖြစ်တာကြောင့် ဒီစက်ရုံတွေလည်ပတ်ဖို့ငွေကြေးနဲ့ နည်းပညာအင်အား ဘယ်နေရာကရရှိလာတာလဲဆိုတာ ဆန်းစစ်သွားရမှာလည်းဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်ကဆိုသည်။

ထို့အပြင် နိုင်ငံတောင်ပိုင်းမှ ခုခံသူတို့သည်လည်းထိုင်းနယ်စပ်မှ ရလာသည့် လက်နက်များကို အသုံးပြုနေသည်ဟု ၎င်းကဆိုသည်။

အခြားတစ်ဖက်တွင် အဘက်ဘက်မှ ထိုးစစ်ဆင်ခံနေရသည့် စစ်ကောင်စီသည် သူ၏တပ်များကို စစ်တောင်းမြစ်တဝိုက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU ကစစ်ပွဲအသစ်စရန်ပြင်ဆင်နေသည်ဟုလည်း ငြီးတွားခဲ့သည်။

ထိုတိုက်ပွဲကို KNU တပ်မဟာ ၁၊၃၊ နှင့် ၅ တို့ပါဝင်တိုက်ခိုက်မည်ဟု သတင်းရသည်ဟု ၎င်းကဆိုသည်။

သူ၏စစ်ကောင်စီတပ်များကို အထိနာစေရန် ထိုးစစ်ဆင်နေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ် TNLA၊ ကချင်တပ် KIA ၊ ကရင်တပ် KNU ၊ ချင်းတပ် CNF ၊ ကရင်နီတပ်များဖြစ်သည့် KNDF၊ KNPP ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လက်နက်ကိုင်တပ် PDF တို့ကိုလည်း ၎င်းက အပစ်ဖို့ခဲ့သည်။

စစ်ခေါင်းဆောင်သည် ဇူလိုင် ၂၂ ရက်နေ့က သူ့ကိုယ်သူ ယာယီသမ္မတဟု ကြေညာခဲ့ပြီးနောက် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် စစ်ကောင်စီကို ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားသည်။

စစ်ကောင်စီ၏ယာယီသမ္မတဟု စစ်ခေါင်းဆောင်က ကြေညာအပြီး သတင်းနှစ်ပတ်ခန့်အကြာ သြဂုတ်လ ၃ ရက်နေ့တွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း (ရမခ) စစ်ဌာနချုပ်သည် ကိုးကန့်တပ် MNDAA လက်အောက်ကျသွားခဲ့သည်။

ထိုအဖြစ်အပျက်သည် မြန်မာစစ်တပ်တွင် သမိုင်းဝင်ရှုံးနိမ့်မှုဖြစ်ပြီး စစ်တပ်သမိုင်းတလျှောက် ပထမဆုံးသော စစ်တိုင်းတစ်ခုလုံး ဆန့်ကျင်တော်လှန်သူများလက်အောက် ကျရောက်မှုဖြစ်လာခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button