အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထပ်စွဲ

အခြေခံ လူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ မိုက်ကယ်ကျော်မြင့်ကို အစိုးရကို အကြည်ညိုပျက်စေသည် ပုဒ်မဖြင့် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဇန်နဝါရီလ ၁၉ နံနက်ပိုင်းက တရားစွဲဆိုလိုက်သည်။

ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးရဲအောင်က ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြင့် တရားလိုပြုလုပ်ပြီး စွဲဆိုထားကြောင်း ထိုမြို့နယ် ရဲမှူး ဦးစိုးဝင်းက ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၁ တွင် လွှတ်တော်အစည်းအဝေးများ စတင်ရန် ကြေညာထားပြီးနောက် အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် “တိုင်းပြည်ကို ကယ်တင်ရန်” ဟု အမည်ပေးထားသည့် လှုပ်ရှားမှုတစ်ခုကို မိုက်ကယ်ကျော်မြင့် တို့ ပါတီက ဦးဆောင်ပြုလုပ်ရန် စီစဉ်နေစဉ် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန် မျိုးချစ်တပ်မတော်မှ တိုင်းပြည်ကို ကယ်တင်ပေးရန်” ဟု အမည် တပ်ထားသော ထိုလှုပ်ရှားမှုကို လာမည့် ဇန်နဝါရီ ၂၉ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တည်ရှိရာ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ပြုလုပ်မည်ဖြစ်သည်။ ထို့ပြင် အခမ်းအနားကျင်းပရသည့် အထိမ်းအမှတ် ကျောက်တိုင်ကိုလည်း ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွင် စိုက်ထူသွားမည်ဟု အခမ်းအနားဖိတ်စာတွင် ဖော်ပြထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မိုက်ကယ်ကျော်မြင့်၏ ဇနီး ဒေါ်အေးအေးသင်းမှာ ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ဒေါ်အေးအေးသင်းမှာ ထိုလှုပ်ရှားမှုကို စီစဉ်နေသူဖြစ်ပြီး အင်တာနက်စာမျက်နှာများတွင် ကြေညာထားသည့်အတိုင်း ထိုလှုပ်ရှားမှုကို ဖော်ဆောင်သွားမည်ဖြစ်သည်ဟု ဇန်နဝါရီ ၁၆ က မြန်မာနောင်းမ် သတင်းဌာနကို ဖြေကြားထားသည်။

တပ်မတော်က တိုင်းပြည်ကိုကယ်တင်ရန်ဟူသော လှုပ်ရှားမှုပြုလုပ်ရန် စီစဉ်နေ 

မိုက်ကယ်ကျော်မြင့်ကို တရားစွဲဆိုရခြင်းမှာ ထိုလှုပ်ရှားမှုနှင့်ဆက်စပ်မှု ရှိ၊ မရှိ ၎င်း၏ ဇနီး ဒေါ်အေးအေးသင်းကို ဇန်နဝါရီ ၁၉ ညပိုင်းက Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်နေသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) မှာ နိုင်ငံတော်အစိုးရနှင့် အစိုးရအဖွဲ့ဝင်များကို အများပြည်သူ အထင်အမြင်လွဲမှားစေရန်၊ အမုန်းထားစေရန်၊ မလေးစားစေရန်၊ အကြည်ညိုပျက်စေရန် လှုံ့ဆော်ပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းမှ အနိမ့်ဆုံး ထောင်ဒဏ် သုံးနှစ်ထိ ကျခံနိုင်ပြီး အမှုကို ကျေအေးခွင့်မရှိဟု ရာဇသတ်ကြီးအဘိဓာန်တွင် ဖော်ပြထားသည်။ 

အမျိုးသားရေးလှုပ်ရှားသူ” မိုက်ကယ်ကျော်မြင့်ကို ခွင့်ပြုချက် ရယူခြင်း မရှိဘဲ တစ်ကိုယ်တော် ဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒပြမှုဖြင့် ကျောက်တံတားမြို့နယ်ရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉ နှင့် ဇန်နဝါရီ ၁၂ တွင် အမှုဖွင့်ထားသည်။

မိုက်ကယ်ကျော်မြင့် ခွင့်ပြုချက်မဲ့ဆန္ဒပြမှုဖြင့် အမှုဖွင့်ခံရ

မိုက်ကယ်ကျော်မြင့်သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ ဖြစ်သော အောက်တိုဘာအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ အသရေဖျက်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရပြီး ခင်ဦးမြို့နယ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်သည်။

ထို့အပြင် ၎င်းသည် ၂၀၁၉ ခုနှစ်အတွင်းက ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၌ ဘာသာရေးအကြောင်းပြုဆူပူမှုတွင် ဦးဆောင်ပါဝင်ခဲ့၍ အသရေဖျက်မှု ပုဒ်မ ၅၀၀ (ခ) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရဖူးသည်။ 

မိုက်ကယ်ကျော်မြင့်သည် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့အစည်းတစ်ခု၏ စီးပွားရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ၂၀၁၉ မေ ၂၇ သတင်းစာရှင်းလင်းပွဲတွင် ရဲက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button