အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လွိုင်ကော်တွင် စစ်ကောင်စီတပ်နှင့်အတူ ပအိုဝ်းပြည်သူ့စစ် အင်အားရာချီ ပူးပေါင်းနေ

ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်ကို ရောက်လာတဲ့ အင်အား ၅၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းမှာ စစ်တပ်ကိုထောက်ခံတဲ့ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်အများအပြား ပါဝင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရဲ့ ၁ လေးလုံး စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ဧရိယာထက်ဝက်ကျော်ကို ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကတစ်ဆင့် တန်ပြန်စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး၊ ဇွန်လထဲမှာတော့ လွိုင်ကော်မြို့ထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ အင်အား ၅၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ လွိုင်ကော်မြို့က စစ်ကောင်စီလက်ကျန်တပ်တွေ ပေါင်းမိသွားချိန်မှာတော့ တော်လှန်ရေးတပ်တွေဟာ ၁ လေးလုံးစစ်ဆင်ရေးအတွင်း ထိန်းချုပ်ထားနိုင်တဲ့ လွိုင်ကော်မြို့ပေါ်နေရာတချို့ကို လက်လွတ်လိုက်ရပါတယ်။ သတင်း၊ တင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button