အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်း ပင်လည်ဘူးတွင် သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေ

အမျိုးသားညီညွတ်ရေးအစိုးရ NUG သိမ်းယူထားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ကောလင်းမြို့ စစ်ကောင်စီထံ ဆုံးရှုံးခဲ့ပြီး ၉ ရက်အကြာတွင် ထိုခရိုင်အတွင်းမှာပင်ရှိသည့် ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းခရိုင်ရှိ ပင်လည်ဘူးမြို့တွင် သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

မူးမြစ်အရှေ့ဘက်ကမ်းရှိ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖေဖော်ဝါရီ ၂၁ ရက် နံနက်အစောပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြန်လည်ခုခံနေသည်။

တိုက်ပွဲ ပထမရက်တွင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ ဒုတိယရက်တွင် ၈ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး ယနေ့တွင်လည်း မြို့တွင်း တိုက်ပွဲများ ဆက်လက်ဖြစ်နေသည်ဟု ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပင်လည်ဘူးမြို့အဝင်ဆိုင်းဘုတ် (ဓာတ်ပုံ – MOI)

ပင်လည်ဘူးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များက မြို့နယ်ရဲစခန်း၊ ဘုရားကုန်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (နတလကျောင်း) တို့တွင် တပ်စွဲထားသည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖုန်းလိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေနေအသေးစိတ်ကို မသိရှိရသော်လည်း စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းမှ တိုက်ခိုက်နေသည်ဟု နယ်မြေချင်း ထိစပ်နေသည့် ကျွန်းလှမြို့နယ် ပအဖတာဝန်ခံက ပြောသည်။

“မြို့တွင်းမှာ တိုက်ပွဲဖြစ်နေတာကလွဲပြီး ဘာမှအခြေအနေမသိရသေးဘူးဗျ၊ မနေ့ကတော့ မနက်ခင်းကတည်းက လေယာဉ်တစ်နေကုန် တက်တာ တွေ့ရတယ်၊ ဒီနေ့တော့ မတွေ့ရသေးဘူး”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းယူထားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ကောလင်းမြို့ စစ်ကောင်စီထံ ဆုံးရှုံးခဲ့ပြီး ၉ ရက်အကြာတွင် ထိုခရိုင်အတွင်းမှာပင်ရှိသည့် ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ကောလင်းနှင့် ပင်လည်ဘူးမြို့တို့သည် မိုင် ၃၀ နီးပါး ကွာဝေးပြီး ကားဖြင့် သွားပါက တစ်နာရီခန့်အကြာ ခရီးရှိသည်ဟု သိရသည်။

ပင်လည်ဘူးမြို့သည် အရှေ့ဘက်တွင် ဝန်းသို၊ တောင်ဘက်တွင် ကောလင်း၊ ကျွန်းလှ၊ အနောက်ဘက်တွင် ဖောင်းပြင်နှင့် မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်တို့နှင့် ထိစပ်နေပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ခြေ ၁၅၀၀ ကျော်နှင့် လူဦးရေ ၇၀၀၀ ခန့်ရှိသည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ပင်လည်ဘူးမြို့တွင်းတိုက်ပွဲ သုံးကြိမ်ထိ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ဧပြီလတွင် ပထမဆုံးအကြိမ်ပစ်ခတ်မှုများဖြစ်ခဲ့သည်။

ထိုစဉ်က ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ စစ်ကောင်စီလက်နက်ကိုင်များနှင့် တူးမီးကိုင်ဆောင်ထားသည့် ဒေသခံများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ဒေသခံ ၃ ဦး သေဆုံးသော်လည်း မြို့နယ်တရားရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် စာရင်းစစ်ရုံးဟောင်းတို့ မီးလောင်သွားသည်။

ထိုနောက်ပိုင်းတွင် ဒေသခံများက တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ၏ အကူအညီဖြင့် စစ်ပညာသင်ယူခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်သားများဖြစ်လာကာ ၂၀၂၂ ဧပြီလတွင် ပင်လည်ဘူးမြို့ကို ဒုတိယအကြိမ် ၁၁ ရက်ကြာ တိုက်ခိုက်စီးနင်းခဲ့ပြီး ထိုစဉ်က စစ်ကောင်စီဘက်မှ အများပြားသေဆုံးကာ အရှင်၈ ဦးထိ ဖမ်းဆီးခံခဲ့ရသည်။

ယမန်နှစ် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စစ်ကိုင်းတိုင်းအတွင်းမှ မြို့ခြောက်မြို့ကို အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်ခဲ့ရာ ရွှေဘိုခရိုင်အတွင်းမှ တန့်ဆည်မြို့နှင့် ကသာခရိုင်အတွင်း ထီးချိုင့်မြို့မှလွဲပြီး ကျန်လေးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ထိုလေးမြို့ထဲမှ ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်သဖြင့် ယခုလ နိုဝင်ဘာ ၁၂ ရက်နေ့က လက်လွှတ်ခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button