အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းပြားမှ စစ်ကောင်စီ၏နောက်ဆုံးခံတပ်ကို AA ထိုးစစ်ဆင်

ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၃ ခုအနက် နောက်ဆုံးကျန်နေသည့် ခမရ ၃၇၉ ကို ရက္ခိုင့်တပ်တော် AA က ဆက်လက်ထိုးစစ်နေသည်ဟု ညီနောင်သုံးဖွဲ့၏ ယနေ့ည (ဇန်နဝါရီ ၂၉) သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၃ ခုအနက် နောက်ဆုံးကျန်နေသည့် ခမရ ၃၇၉ နှင့် ခမရ ၅၄၁တို့ကို ရက္ခိုင့်တပ်တော် AA က ဆက်လက်ထိုးစစ်နေသည်ဟု ညီနောင်သုံးဖွဲ့၏ ယနေ့ည (ဇန်နဝါရီ ၂၉) သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်းပြားတွင်ရှိသည့် စစ်စခန်း ၃ ခုအနက်မှ ခမရ ၃၈၀ စခန်းကို ယမန်နေ့တွင် AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မင်းပြားတွင်ရှိသည့် စစ်စခန်း ၃ ခုအနက်မှ ခမရ  ၃၈၀ စခန်းကို ယမန်နေ့တွင်လည်းကောင်း၊ ခမရ ၅၄၁ ကို ယနေ့တွင်လည်းကောင်း AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မင်းပြားတွင် စစ်ကောင်စီ၏ အမှတ်(၉) တိုင်းဗဟိုလေ့ကျင်းရေးကျောင်းလည်း ရှိနေပြီး ထိုတပ်စခန်း၏ နောက်ဆုံးအခြေအနေကိုတော့ မသိရသေးပါ။ အဆိုပါသင်တန်းကျောင်းကို လွန်ခဲ့သည့် ၄ နှစ်ခန့်  ၂၀၂၀ မတ်လအတွင်းကလည်း AA တပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များ အထိနာခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တပ်စခန်းများ စွန့်လွှတ်နေရသည့် စစ်ကောင်စီသည် ရေတပ်စစ်သင်္ဘောများ၊ အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ စစ်လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲခြင်း၊ အတွဲလိုက်ဒုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် တပ်ရင်းများကို ကာကွယ်ရန် စစ်ကောင်စီက ကြိုးစားခဲ့သည်ဟုလည်း AA ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မင်းပြားမြို့တွင်းတိုက်ပွဲများသို့ အခြားမြို့များရှိ စစ်ကောင်စီတပ်များက ကုန်းကြောင်း၊ ရေကြောင်းမှ စစ်ကူများ ပို့လွှတ်ခဲ့သော်လည်း AA ၏ ကြားဖြတ်တိုက်ခိုက်ခံရခြင်းများကြောင့် မြို့ပေါ်အထိ ရောက်လာခဲ့ခြင်းမရှိဟု ဒေသခံတို့က ဆိုသည်။

မင်းပြားမြို့အပြင် ကျောက်တော်၊ မြောက်ဦးနှင့် ရသေ့တောင်မြို့တို့တွင်လည်း စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲများ ဖြစ်လျက်ရှိသည်။

ဇန်နဝါရီ ၂၇ ရက် ညပိုင်းတွင် မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၇၇ နှင့် ၅၄၀၊ ရဲတပ်ရင်း ၃၁ တို့က မြောက်ဦးမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မြောက်ဦးမြို့ပေါ်နေ အရပ်သား ၄ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရရှိခဲ့ကာ၊ နေအိမ် ၂၀ခန့်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် အလယ်ဈေးရပ်ကွက်အတွင်းရှိ ကုန်သည်လမ်းဆုံဝန်းကျင်မှ နေအိမ်များအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ လူများ ထိခိုက်သေဆုံးခြင်း၊ နေအိမ်များ မီးလောင်ပျက်စီးခြင်းတို့ ဖြစ်ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ မြို့မရဲစခန်း၊ သူတော်မကုန်းစစ်စခန်း၊ သင်းကျစ်တောင်စစ်စခန်း၊ လင်းမြွေတောင်စစ်စခန်းနှင့် မြောင်းဘွေရဲစခန်းတို့ကို AA က ထိန်းချုပ်ထားပြီးဖြစ်သည်။ ခမရ၅၄၀၊ ၃၇၇၊ ၃၇၈ နှင့် ရဲတပ်ရင်း ၃၁ တို့ကို ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ရခိုင်ဒေသတွင်းသတင်းဌာန (နိရဉ္စရာ) က ဖော်ပြသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများပြမြေပုံ

ကျောက်တော်မြို့အခြေစိုက် တပ်မဌာနချုပ် ၉ ကိုလည်း AAက ဝင်ရောက်တိုက်ခိုက်နေကြောင်း၊ အဆိုပါ တပ်မဌာနချုပ် ၉ သည် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို ကွက်ကဲသည့် နေရာဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ရခိုင်ပြည်နယ်တွင်း ကျောက်တော်၊ ရမ်းဗြဲတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။

ယင်းသို့တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံက စစ်ကောင်စီနှင့် ညှိနှိုင်းနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Yao Wen က ဇန်နဝါရီ ၂၈ ရက်တွင် ပြောသည်။

“ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်က ကြားဝင်ညှိနှိုင်းနေပါတယ်” ဟု ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းဌာန BSS တွင် ဖော်ပြသည်။

တရုတ်သံအမတ် Yao Wen နှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud တို့ တွေ့ဆုံမှုတွင် ရိုဟင်ဂျာများမြန်မာနိုင်ငံသို့ ပြန်ပို့နိုင်ရန်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု Yao Wen က ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button