အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

AA ထိန်းချုပ်မှုအောက်မှာ မြေပုံမြို့ဒုက္ခသည်စခန်းက မွတ်ဆလင်တွေဘဝ ဘယ်လိုပြောင်းလဲလာသလဲ

၀၁၂ခုနှစ်၊ ပဋိပက္ခတွေဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို စစ်တပ်က လွတ်လပ်စွာသွားလာခွင့် ပိတ်ထားခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရှိခဲ့ပြီ ဖြစ်ပါတယ်။ 

အာရက္ခတပ်တော် AA က ရခိုင်က မြို့ရွာတွေကို သိမ်းပိုက်၊ ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ မွတ်ဆလင်တွေဟာ လွတ်လပ်စွာ သွားလာခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ တန်းတူအခွင့်အရေးတွေ ရလာတယ်လို့ ဆိုပါတယ်။ 

စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကလွဲလို့ ကျန် ၁၄မြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။ 

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ စတဲ့မြို့နယ်က မွတ်ဆလင်တွေဟာ ရခိုင်တွေနဲ့အတူ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဖြစ်နေကြပေမယ့် ARSA ၊ ARSO စတဲ့ လက်နက်ကိုင်တပ်တွေရှိနေတဲ့ မောင်တော၊ ဘူးသီးတောင်ဘက်မှာတော့ အလားတူ အနေအထားမျိုးထိ မရောက်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သတင်း၊ တင်ဆက် – ညီထွေး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles