အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဖိအားပေးရောင်းခိုင်းရသည်အထိ စစ်တပ်ထုတ်ကုန်များသပိတ်မှောက်မှု အောင်မြင်

လူထု သပိတ်မှောက်ကြောင့် တပ်စီးပွားရေးထုတ်ကုန်ရောင်းအား ထိုးကျသွား၍ ၎င်းတို့ ကုန်ပစ္စည်းများ မဖြစ်မနေ ပြန်ရောင်းရန် ဆိုင်ရှင်များကို ဖိအားပေးနေသည်။ သေနတ်ပြ ခြိမ်းခြောက်ခံရသည့် ဆိုင်ရှင်များ လိုက်လျောရမည်ဖြစ်သော်လည်း လူထု၏ စစ်တပ်ထုတ်ကုန်သပိတ်ကို ထိခိုက်ရန်မရှိဟု တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကျောင်းသားဟောင်းများအင်အားစု ဦးဆောင်သူ ကိုနန်းလင်းက ပြောသည်။ “စစ်တပ်က ဖိအားပေးလို့ ဆိုင်တွေက ရောင်းရလိမ့်မယ်၊ တင်ရလိမ့်မယ်။ သို့သော် ပြဿနာမရှိဘူး။ အဓိက အရေးကြီးတာက ဘယ်နေရာမှာ ဘယ်လိုရောင်းရောင်း ကျွန်တော်တို့ ပြည်သူတွေက မဝယ်ယူနဲ့၊ မသောက်သုံးနဲ့” ဟု ကိုနန်းလင်းက ပြောသည်။

သတင်း၊ တင်ဆက် – ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button