စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာကို ယမန်နေ့ (ဇူလိုင် ၂၁) နံနက်အစောပိုင်းတွင် စစ်တပ်က ရုတ်တရက်ဝင်ရောက်စီးနင်းပြီး အသက်မပြည့်သေးသည့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၁၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်မှ အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် ယင်းမာပင်မြို့၊ မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ချင်းတွင်းမြစ်ကမ်းဘေးရှိ စုန်းချောင်းရွာကို နံနက် ၂ နာရီဝန်းကျင်တွင် ၄ နေရာခန့်ခွဲပြီး ရုတ်တရက်ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။ စစ်ကြောင်းဝင်ရောက်စီးနင်းစဉ် ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ဖမ်းဆီးသွားသည့် ရွာခံ ၁၁ ဦးကို ရွာမှ ပြန်လည်ဆုတ်ခွာစဉ် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အသတ်ခံရသူများအနက် အသက် ၁၅ နှစ်အရွယ် ၂ ဦး၊ ၁၇ နှစ်အရွယ် ၁ ဦး ပါဝင်ပြီး ကျန် ၁၁ ဦးမှာ အသက် ၄၀ ဝန်းကျင် လူလတ်ပိုင်းအရွယ် အမျိုးသားများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



