အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

နှစ်ရှည် အပစ်ရပ်ပြီးမှ စစ်တပ်ကို ပြန်တိုက်နေတဲ့ ကလလတရဲ့ စစ်ရေးရည်မှန်းချက်က ဘာလဲ

“အခု မယ်စဲ့ကို သိမ်းတယ်။ ပြီးရင် သိမ်းလို့ရတဲ့ မြို့တိုင်းကို သိမ်းမယ်။ လွိုင်ကော်ကို သိမ်းမယ်၊ ကယားပြည်နယ်ကို သိမ်းမယ်၊ ပြီးရင် နေပြည်တော်ကို သိမ်းမယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က စစ်အာဏာရှင်စနစ် တစ်နိုင်ငံလုံးမှာ ပြုတ်ကျဖို့ ဖြစ်တယ်။ ဒါက ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက် ပန်းတိုင်” – ရဲဘော်လောရင်းစိုး ၁၉၉၄ ခုနှစ်ကတည်းက စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့ ကရင်နီပြည် လူမျိုး‌ပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ – KNPLF) ဟာ အခုအချိန်မှာတော့ အာဏာသိမ်း စစ်ကောင်စီကို ပြန်တိုက်နေပါပြီ။ ကလလတ အနေနဲ့ အပစ်ရပ် ကာလအတွင်းမှာ စစ်တပ်ရဲ့ ဖိအားပေးမှုကြောင့် တပ်ရင်း ၂ ရင်းကို နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့ရပါတယ်။ အခု အာဏာသိမ်း စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်တဲ့အချိန်မှာတော့ BGF တပ်ရင်း နှစ်ခုဟာ မိခင် အဖွဲ့အစည်းဖြစ်တဲ့ ကလလတ နဲ့ ပြန်လည် ပေါင်းစည်းပြီး တိုက်ပွဲဝင်နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကလလတရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ‌ပြောခွင့်ရသူလည်း ဖြစ်တဲ့ ရဲဘော်လောရင်းစိုး ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း၊ တင်ဆက် – လင်းထင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button