အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မင်းအောင်လှိုင်ကို အလှူပေးနေတာ ဘယ်သူဌေးတွေလဲ

ပြည်သူတွေ ခက်ခဲကျပ်တည်းပြီး ခေတ်ပျက်နေချိန်မှာ မြန်မာပြည်ရဲ့ ထိပ်သီးခရီုနီသူဌေးကြီးတွေက နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်နေတဲ့ ဘုရားအတွက် ငွေကျပ် ၁၆ ဘီလျံကျော် လှူဒါန်းခဲ့ကြပါတယ်။ ထိပ်ဆုံးအလှူရှင်သုံးဦးအနေနဲ့ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျပ်သိန်းပေါင်း ၂ သောင်းကျော်၊ ဝေမာကုမ္ပဏီပိုင်ရှင် ဦးကျေးက ကျပ်သိန်းနှစ်သောင်း၊ ဧဒင်ကုမ္ပဏီအုပ်စုက ဦးဝဏ္ဏခိုင်က ကျပ်သိန်းတစ်သောင်းခွဲ လှူဒါန်းခဲ့ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုတိယအများဆုံး အလှူပေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ Telenor မြန်မာပြည်က ထွက်ခွာသွားတဲ့နောက် အဲ့ဒီဆက်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိထားတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်၊ Asia World ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်တို့ အပါအဝင် ကြံ့ခိုင်ရေးပါတီ၏ ထိပ်သီးခေါင်းဆောင်ဟောင်း ဦးအောင်သောင်းရဲ့ သားသမီးတွေဖြစ်ကြတဲ့ လက်ရှိ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ UAB ဘဏ်ပိုင်ရှင် ဦးနေအောင်တို့ မိသားစုတွေ ဖြစ်ကြပြီး သူတို့တွေဟာ ကျပ်သိန်း ၅၀၀၀ကျော်စီ အလှူငွေထည့်သူတွေ ဖြစ်ပါတယ်။ ကျပ်သိန်း ၁၀၀၀ ကနေ သိန်း ၅၀၀၀ အထိ အလှူငွေထည့်တဲ့ လုပ်ငန်းရှင်တွေကတော့ AYA ဘဏ်ပိုင်ရှင် ဦးဇော်ဇော်၊ ဧရာဟင်္သာလုပ်ငန်းစုနဲ့ ABank ပိုင်ရှင် ဦးဇော်ဝင်းရှိန်၊ ရွှေတောင်ကုမ္ပဏီက ဦးအောင်ဇော်နိုင်၊ စက်သုံးဆီလုပ်ငန်းရှင် ဒေါက်တာဝင်းမြင့်၊ ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်၊ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီပိုင်ရှင် ဦးဝင်းအောင်၊ ဟိုတယ်လုပ်ငန်းရှင် ဦးရန်ဝင်းနဲ့ ရွှေသံလွင်ကုမ္ပဏီ Sky net ပိုင်ရှင် ဦးကျော်ဝင်းတို့ ဖြစ်ကြပါတယ်။ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ မြန်မာပြည်တွင်းက ပြည်သူတွေရဲ့ဘဝဟာ စစ်တပ်ရဲ့ အနိုင်ကျင့်မှုဒဏ်ကို အလူးအလဲခံနေရတယ်လို့ ပြောပါတယ်။ အခု ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း စစ်တပ်ရဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုကြောင့် အလှူငွေထည့်ကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်း၊ တင်ဆက် – စထွန်းအောင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button