အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် လိပ်ပြာသန့်တယ်လို့ TNLA ဒုဥက္ကဋ္ဌ ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ မူးယစ်ဆေးဝါးနဲ့ မကင်းဘူးလို့ ပြောဆိုမှုတွေနဲ့ပတ်သက်လို့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် TNLA အနေနဲ့ လိပ်ပြာသန့်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုပ်ဂျားက ပြောလိုက်ပါတယ်။

ကျပ်သိန်းပေါင်း ကိုးထောင်ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ၊ ဘိန်းမဲနဲ့ ရာမဆေးပြားတွေကို ဇွန်လ ၁၆ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ TNLA က မီးရှို့ဖျက်ဆီးလိုက်တာပါ။ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို သတိကြီးကြီးထားပြီး TNLA ရဲ့ ထိန်းချုပ်နယ်မြေတစ်နေရာမှာ လုပ်ရတဲ့ ဒီအခမ်းအနားကို ဒေသခံလူထု ရာနဲ့ချီပြီး တက်ရောက်လာတာ တွေ့ရပါတယ်။၂၀၁၈ခုနှစ်ကနေ အခုနှစ် ဇွန်လအထိ ၅နှစ်အတွင်း ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို TNLA က ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button