အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘိလပ်မြေစက်ရုံစီမံကိန်းကို ဆန့်ကျင်ခဲ့သဖြင့် ထောင်ကျနေသူများ၏ မိသားစုများက မန္တလေးမြို့တွင်း တောင်းရမ်းခြင်းဖြင့် ၎င်းတို့မကျေနပ်ချက်ကို ထုတ်ဖော်

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ခဲ့သည့် အိမ်ထောင်ဦးစီးများ ထောင်ကျနေခြင်းကြောင့် စားဝတ်နေရေးခက်ခဲသည်ဟုဆိုကာ မိသားစုဝင်များက မန္တလေးမြို့တွင်း လှည့်လည်တောင်းရမ်းခြင်းဖြင့် ၄င်းတို့၏ မကျေနပ်ချက်ကို ထုတ်ဖော်လိုက်သည်။

ဘိလပ်မြေစက်ရုံအနီးရှိ အောင်သပြေကျေးရွာမှ ရွာသား ၅ဦး သည် ဘိလပ်မြေစက်ရုံသွားရာလမ်းသည် ရွာသားများပိုင်ဆိုင်သည့် မြေနေရာကို သိမ်းယူပြီး ဖောက်လုပ်ထားခြင်းဖြစ်ကြောင်း ကန့်ကွက်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၈ မှစ၍ မတရားတားဆီးကန့်ကွက်မှုဖြင့် အလုပ်မဲ့ထောင်ဒဏ် တစ်လ ကျခံနေရသည်။

မန္တလေးစျေးချိုတွင် အောင်သပြေမှ ရွာသူများ တောင်းရမ်းနေစဉ် (ဓာတ်ပုံ – ခင်နှင်းဝေ / Myanmar Now)

“ကျွန်မမှာ ကလေးသုံးယောက်နဲ့ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတော့လို့ တောင်းတာပါ။ ကျွန်မမေးချင်ပါတယ်။ ဥပဒေက ကျွန်မတို့ဘက်မှာ ရှိသေးရဲ့လားလို့။ အစိုးရကရော ကျွန်မတို့ဘက်မှာ ရှိသေးရဲ့လားလို့” ဟု ထောင်ကျနေသည့် ရွာသားငါးဦးထဲမှ တစ်ဦးဖြစ်သည့် ကိုထွန်းနိုင်၏ ဇနီး မသင်းသင်းခိုင်က ပြောသည်။

မန္တလေးစျေးချိုတွင် အောင်သပြေမှ ရွာသူများ တောင်းရမ်းနေစဉ် (ဓာတ်ပုံ – ခင်နှင်းဝေ / Myanmar Now)

မသင်းသင်းခိုင်အပါအဝင် ထောင်ကျခံနေရသည့် ရွာသားများ၏ မိသားစုဝင်လေးဦးသည် မန္တလေးစျေးချိုတစ်ဝိုက်တွင် မနက်၁ဝနာရီခန့်မှစ၍ လိုက်လံတောင်းရမ်းခြင်းဖြင့် ၄င်းတို့၏ မကျေနပ်ချက်ကို ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါစီမံကိန်းသည် ဦးသိန်းစိန်လက်ထက်ကတည်းက ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်” ကို လုပ်ပိုင်ခွင့်ပြုခဲ့သည့် အဆိုပါစီမံကိန်းကို ကန့်ကွက်နေကြခြင်း ဖြစ်သည်။

ရွာသားတို့၏ စွပ်စွဲချက်များကို တိုင်းအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ငြင်းဆန်ထားပြီး အစိုးရသည် လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ခဲ့သည်ဟု Myanmar Now ကို အောက်တိုဘာလအတွင်းက ပြောကြားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button