အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မိုခါမုန်တိုင်းရှောင် လပွတ္တာဒေသခံများ အိမ်ပြန်ကြပြီ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်က မုန်တိုင်းရှောင်ပြည်သူတွေကတော့ ဒီကနေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ နေရပ်ကို အသီးသီး ပြန်နေကြပါပြီ။ မိုခါမုန်တိုင်းမတိုက်ခင် တစ်ပတ်ခန့် အလိုကတည်းက ပင်လယ်နဲ့ နီးတဲ့ ဒေသခံ ၈၀၀၀ ခန့်ဟာ လပွတ္တာမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ လာရောက်တိမ်းရှောင်ကြနေကြတာ ဖြစ်ပါတယ်။ မုန်တိုင်းအရှိန်နဲ့ မိုးကြီးလေကြီးမှုကြောင့် မြစ်ချောင်းဘေးရွာတချို့မှာ နေအိမ်ပျက်စီးမှု ရှိခဲ့ပေမဲ့ လပွတ္တာမြို့နယ်ထဲမှာ ကြီးကြီးမားမားထိခိုက်ခဲ့တာ မရှိဘူးလို့ မြို့ခံလူမှုကူညီရေးအသင်းကနေ သိရပါတယ်။ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရဖူးတဲ့ လပွတ္တာဒေသဟာ မိုခါမုန်တိုင်းရဲ့ ဗဟိုချက်မဟုတ်ပေမဲ့ ဒေသခံတွေဟာ ဒီတစ်ကြိမ်မုန်တိုင်းမှာတော့ ကြိုတင်ရှောင်ရှားနိုင်ခဲ့ကြပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button