အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လုံခြုံရေး၊ သန့်ရှင်းရေးအတွက် ရတနာပုံတက္ကသိုလ်တွင် ထပ်မံဆန္ဒပြ

ရတနာပုံတက္ကသိုလ်တွင် ဆိုင်ကယ် မကြာခဏ ပျောက်ဆုံးခြင်း၊ ကျောင်းအိမ်သာများ သန့်ရှင်း သပ်ရပ်မှုမရှိခြင်း စသည့် ပြဿနာတို့ကို ဖြေရှင်းရန် ပျက်ကွက်နေသဖြင့် ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ(ဗကသ)မှ အဖွဲ့ဝင်တချို့က ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ကွက် ဆန္ဒပြကြသည်။

ကျောင်းသား ၂ဝ,ဝဝဝ ကျော်၊ ဆရာ ရဝဝ ကျော်ရှိသည့် အဆိုပါ တက္ကသိုလ်အတွက် လုံခြုံရေးဝန်ထမ်း ၃ဝ ခန့် ဟူသော အရေအတွက်မှာ နည်းပါးနေသည်ဟု သမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က ကျောင်းရှေ့ ဆန္ဒပြပွဲတွင် သတင်းထောက်များကို ပြောသည်။

“ကျွန်တော်တို့က အခက်အခဲ လိုအပ်ချက်တွေကို လွတ်လပ်စွာ ရင်ဖွင့်တယ်။ ထိပ်တိုက်ဖြေရှင်းမယ်။ ပါမောက္ခချုပ်အနေနဲ့ မဆိုင်ဘူးဆိုရင် တာဝန်ရှိတဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရနဲ့ ကြားဝင် ဖြေရှင်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့တယ်။ ဖြေရှင်းခြင်း တစ်စုံတစ်ရာမရှိပါဘူး။ အဲဒီအတွက် ထပ်ပြီးဆန္ဒပြတာပါ” ဟု ကိုကျော်သီဟရဲကျော်က ပြောသည်။

ကျောင်းဧရိယာအတွင်း ဆိုင်ကယ်အပ်နှံခ ကောက်ယူခြင်း မပြုရန် ပညာရေးဝန်ကြီးဌာန အရာရှိများက သဘောတူ ခဲ့သော်လည်း မန္တလေးတိုင်းဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရဆိုကာ ပြန်လည် ကောက်ယူနေကြောင်း၊ ရရှိသည့် ငွေကြေးကို ကျောင်းတွင်း လိုအပ်ချက်အတွက် အသုံးပြုခြင်း မရှိကြောင်း ဆန္ဒပြသူတို့က စွပ်စွဲကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တောင်းဆိုချက်များကို တာဝန်ရှိသူတို့ ဖြေရှင်းမပေး မချင်း ထပ်မံဆန္ဒပြသွားမည်ဟု ဆိုသည်။ ပထမအကြိမ် ဆန္ဒပြမှုအပြီး ၄ ရက်အကြာတွင် ထပ်မံဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြသူတို့၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး တက္ကသိုလ်အာဏာပိုင်တို့ထံမှ ရှင်းလင်းပြောဆိုချက် ထွက်ပေါ်မလာသေးပေ။

သတင်းသမားတို့က တက္ကသိုလ်ပါမောက္ခချုပ်ကို ဆက်သွယ်မေးမြန်းရာ မအားလပ်သောကြောင့် တုံ့ပြန်ပြောဆိုခြင်း မပြုနိုင်သေးကြောင်း တာဝန်ကျ ဆရာမတစ်ဦးမှတစ်ဆင့် အကြောင်းပြန်ခဲ့သည်။

အမရပူရမြို့နယ်၊ တောင်တမန်အင်းအနီးတည်ရှိသော ထိုတက္ကသိုလ်တွင် မန္တလေးတိုင်းဒေသကြီးမှ လူငယ်အများအပြား ပညာသင်ယူနေကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles