အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အခြေခံဥပဒေပြင်ဆင်ရေးပထမနေ့ တပ်အခန်းကဏ္ဍပုဒ်မများ မဲခွဲရာတွင်ရှုံး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပထမဆုံးမဲခွဲသည့် ယနေ့တွင် ပုဒ်မ ၁၄ ခု မဲခွဲဆုံးဖြတ်ရာ၌ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရသည့် ပုဒ်မနှစ်ခုပါဝင်သည်။

တပ်မတော်အခန်းကဏ္ဍ လျှော့ချရေးတွင်အဓိကကျသည့် ပုဒ်မ ၆ ခုမဲခွဲရာတွင် လိုအပ်သည့်ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခြင်းမရှိခဲ့ပေ။

သို့သော် NLD(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ဦးဆောင်သည့် ၄၅ ဦးကော်မတီက အဆိုပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်“အိုမင်းမစွမ်း”၊ “မသန်မစွမ်း”ဟု ရေးသားထားသော စကားရပ်များကို “သက်ကြီးရွယ်အို”၊ “မသန်စွမ်း”ဟူ၍ ပြင်ဆင်ရန် ပုဒ်မနှစ်ခုသာလိုအပ်သည့် ထောက်ခံမဲပမာဏကို ကျော်လွန်ရရှိခဲ့သည်။

ယင်းပုဒ်မ ၂ ခုသည် လွှတ်တော်မဲ ၇၅ ရာခိုင်နှုန်းကျော် လိုသည့်အပြင် လူထုဆန္ဒခံယူပွဲပါ ကျင်းပရမည့် ပုဒ်မများဖြစ်သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ မသိရသေးပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယနေ့တွင် ဆန္ဒမဲလက်မှတ် ၁ ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ခံအမတ် ၂၁ ဦး ခွင့်ပျက်ကွက်မှုရှိသော်လည်း တပ်မတော်သားကိုယ်စားလှယ်များမှာ ၁၆၆ ဦးစလုံး ပြည်ထောင်စုလွှတ်တော်သို့ မပျက်မကွက် တက်ရောက်လာသည်။

ပျက်ကွက်သူများထဲတွင် ပြည်ထောင်စုလွှတ်တော်၌ လက်ရှိတွင် ဦးရေ ၃၈၀ ကျော်ရှိသည့် NLD ပါတီဝင်တစ်ဦး ပါဝင်ပြီး၊ ကျန်သူများမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ဖြစ်ကြသည်။

မနက်ဖြန် မတ် ၁၁ တွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ဟန့်တားထားသည့် ပုဒ်မ ၅၉(စ) ပယ်ဖျက်ရန်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အရပ်သားအများစုဖြင့် ပြင်ဆင်ဖွဲ့စည်းရန် NLD ဘက်မှ အဆိုပြုချက်များ ပါဝင်သည့် ဆန္ဒမဲလက်မှတ် ၂ ကို မဲခွဲဆုံးဖြတ်ရန်ရှိသည်။

 

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles