အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရားစွဲဆိုခံထားရသည့် အောင်သပြေရွာသားတစ်ဦး တရားရှင်လွတ်

ကျောက်မီးသွေး စွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီး တရားစွဲဆိုခံထားရသော အောင်သပြေရွာသား ဦးမြင့်ခိုင်ကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ယနေ့(ဒီဇင်ဘာ ၂၀ ) တရားရှင် လွှတ်လိုက်သည်။

“သူ့ကိုစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး သူက ငြိစွန်းကြောင်း တရားလိုက သက်သေပြသနိုင်ခြင်းမရှိဘူး၊ ဒါ့ကြောင့် စွဲချက်မတင်မီ ၆ဦးထဲက သူ့ကိုလွှတ်လိုက်တာပါ” ဟု အောင်သပြေရွာသားများဘက်မှ လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက Myanmar Now ကို ပြောသည်။

အသက် ၅၁ နှစ်အရွယ် ဦးမြင့်ခိုင်အပါအဝင် ရွာသား ၆ ဦးသည် အောင်သပြေကျေးရွာနှင့် အယ်လ်ဖာဘိလပ်မြေစက်ရုံ ပဋိပက္ခတွင်ပါ၀င်သည်ဟုဆိုကာ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၎င်းကို စက်ရုံတာဝန်ရှိသူ ဦးဟန်ဇော်လင်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခံခဲ့ရသည့် ကိုနိုင်ထွန်းအောင်၊ ရာအိမ်မှူးကိုမိုးလင်း၊ ကိုမင်းသိန်း၊ ကိုဖိုးမာ၊ ကိုကျော်ဇေယျတို့ကိုမူ အဆိုပါ မီးရှို့မှုပုဒ်မ ၄၃၆၊ ဒဏ်ရာရရှိအောင်ပြုလုပ်မှု ၄၄၀၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု) တို့ဖြင့် တရားရုံးက စွဲချက်တင်ခဲ့ပြီး ဦးမြင့်ခိုင်ကို တရားရှင်လွှတ်ခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အပြစ်ရှိကြောင်း မတွေ့ရ၍ တရားရှင် လွတ်မြောက်လာသည့် ဦးမြင့်ခိုင်မှာ စုစုပေါင်း ၇ လကျော်ကြာ ထောင်အတွင်းမှ တရားရင်ဆိုင်ခဲ့ရမှုမှာ နစ်နာသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောသည်။

အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၎င်းတို့ကျေးရွာနှင့်ကပ်လျက် လာရောက် အကောင်အထည်ဖော်နေသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။

မေလ ၁၄ရက်နေ့တွင် စက်ရုံ၏ ယာဉ်၊ ယန္တရားများ အသွားအလာပြုလုပ်နေသည့် လမ်းကို ပိတ်ဆို့တားဆီးခဲ့ကြရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ သတင်းထောက်တစ်ဦးအပါအဝင် ရွာသားအချို့ ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် ရွာသားတို့က ကုမ္ပဏီဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးရှို့ခဲ့ပြီး၊ ယာဉ်များမှ မှန်များလည်း ဖျက်ဆီးခဲ့သည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရွာသူရွာသားများအား မီးရှို့မှုအပါအဝင် ပုဒ်မ ၁၄၇(ရုန်းရင်းဆန်ခတ် မှု) ပုဒ်မ ၃၅၃(ပြည်သူ့ဝန်ထမ်းကို နှောင့်ယှက်ဟန့်တား) ပုဒ်မ ၃၃၂(ပြည်သူ့ဝန်ထမ်းကို သာမန်ဒဏ်ရာရအောင်ပြုမှု) ပုဒ်မ ၃၃၃(ပြည်သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရအောင်ပြုမှု) ပုဒ်မ ၁၁၄(အားပေးကူညီမှု) အစရှိသည့် ပုဒ်မများဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းမှ တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်လှစ်ခံရသူများလည်းရှိသည်။

အဆိုပါ ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းကို ဇွန်လ ရက်နေ့မနက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး အိုးဘိုထောင်သို့ ပို့ဆောင်ခဲ့ရာ အငြင်းပွားဖွယ်ရာ ဒဏ်ရာများဖြင့် ဇွန်လ ရက်နေ့တွင် ထောင်အတွင်း၌ သေဆုံးခဲ့သည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်တွင် ဝရမ်းထုတ်ခံထားရသူ အယောက်၃၀ကျော်အထိ ရှိနေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးစည်သူထံမှ သိရသည်။

ယနေ့တွင် မီးရှို့မှုနှင့် တရားစွဲဆိုခံရသည့် ၆ ဦးကို စွဲချက်တင်မတင် အမိန့်ချခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ရာအိမ်မှူးဦးမိုးလင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)အတွက် အမိန့်ချမည်ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button