အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြဝတီမင်းကြီးဆရာတော်ကို ဒုတိယအကြိမ် ရုံးထုတ်

တပ်မတော်ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုသည်ဆိုကာ တရားစွဲဆိုထားသော မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသာဘိဝံသကို မန္တလေးမြို့ ပြည်ကြီးတံခွန်တရားရုံးတွင် ယနေ့ ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ယနေ့ရုံးထုတ်တွင် စွပ်စွဲခံရသူဆရာတော်၏ ရှေ့နေ ဦးသိန်းသန်းဦးက ရှေ့နေပါဝါတင်ခဲ့သည်။

မြ၀တီမင်းကြီးဆရာတော်က “တပ်မတော်ရဲ့သဘောထားက မကောင်းလှဘူး။ ဦးဇင်းတို့က ပြင်ဆင်ဖို့ပြောနေရခြင်းပါ” ဟု မိန့်သည်။

မဘသအဖွဲ့ကို အမည်ပြောင်းထားသည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ကျပ် သိန်း ၃၀၀ လှူဒါန်းမှုအပါအဝင်၊ တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်ပြီး မြဝတီမင်းကြီးဆရာတော်ကို အရေးယူပေးရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးသော်တာထွေးက ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် စက်တင်ဘာလက ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆရာတော်သည် ခေတ်သစ်မီဒီယာတွင် ဇွန်လအတွင်းက ပြောကြားခဲ့မှုများ၌ အဆိုပါအချက်များ ပါရှိခဲ့သည့်အတွက် တပ်မတော်က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားရုံးက အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

အသရေဖျက်မှု ပုဒ်မ ၅၀၀ မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိ အများဆုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button