အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA သံသယဖြင့် ဖမ်းထားသူများအား မန္တလေးတွင် ရုံးထုတ်စစ်ဆေး

ရက္ခိုင့်တပ်တော်AA နှင့်ပတ်သက်ကြောင်း သံသယဖြင့် ပြီးခဲ့သည့်လက မန္တလေးမြို့တွင် ဖမ်းဆီးခံခဲ့သူ ခြောက်ဦးအား ပထမဆုံးအကြိမ်အဖြစ် မန္တလေး ခရိုင်တရားရုံးတွင် ယနေ့ ရုံးထုတ် စစ်ဆေးခဲ့သည်။

၎င်းတို့အား အနည်းဆုံးထောင်ဒဏ် ၅ နှစ်မှ အများဆုံးထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်နိုင်သော ၂၀၁၄ အကြမ်းဖက်ပုဒ်မ ၅၁() အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇နှစ်ထိ ချမှတ်နိုင်သော ပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲတင်ခဲ့သည်ဟု မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မာလာထွန်းက ပြောသည်။

အမှုတွဲအဖြစ် အခြားသုံးဦးအားလည်း ယနေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း တရားရုံးပြန်ကြားရေးအရာရှိက ပြောသည်။

AA နှင့်ပတ်သက်ကြောင်း သံသယဖြင့် စွပ်စွဲခံရသူများအား ရဲက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာ(၁၀)ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းတို့နှင့်အတူ ယမ်းဟု ယူဆရသည့် ပစ္စည်းများအပါအဝင် ဖောက်ခွဲရေးပစ္စည်းအများအပြားလည်း သိမ်းဆည်းရခဲ့သည်။

ဖမ်းဆီးခံရသူများထဲတွင် AA  တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးပါဝင်ကြောင်း ၎င်တို့အား ဖမ်းဆီးခဲ့အပြီး နောက်တစ်ရက်အကြာတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကနဦးသတင်းများကို ကိုးကားပြီး ပြောသည်။

နောက်ရုံးချိန်းကို အောက်တိုဘာ၂၂ ရက်နေ့သို့ ချိန်းဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button