အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုကျော်မျိုးရွှေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲချက်တင်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အသရေပျက်စေသည့် အသုံးအနှုန်းများဖြင့် ရေးသားခဲ့သူ ဦးဝီရသူတပည့် ကိုကျော်မျိုးရွှေကို စမ်းချောင်းမြို့နယ်တရားရုံးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆()ဖြင့် ယနေ့ စွဲချက်တင်လိုက်သည်။

ကိုကျော်မျိုးရွှေသည် ၂၀၁၇ ခုနှစ်အတွင်းက ၎င်း၏Facebook စာမျက်နှာပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်စေမည့် ဓာတ်ပုံများ၊ စာများ ရေးသားခဲ့သောကြောင့် စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် ဒေါ်မြမြဌေးက တရားလိုလုပ်ကာ ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရုံးချိန်းပေါင်း ၁၄ ချိန်းပြည့်သည့် ယနေ့တွင် မြို့နယ်တရားသူကြီး ဒေါ်မိုးမိုးအောင်က စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း တရားလိုဒေါ်မြမြဌေးက ပြောသည်။

သို့သော် တရားခံဘက်မှ အမှုအား အစမှပြန်လည်စစ်ဆေးပေးရန် တောင်းဆိုမှုကို တရားသူကြီး ဒေါ်မိုးမိုးအောင်က လက်ခံလိုက်သည့်အတွက် အမှုအား အစမှပြန်လည်စစ်ဆေးရမည် ဖြစ်ကြောင်း ဒေါ်မြမြဌေးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အားလုံးစစ်ပြီးသွားတဲ့အပေါ်မှာမှ ပြန်ခေါ်စစ်ဖို့ တောင်းဆိုတယ်ဆိုတော့ သက်သက် အချိန်ဆွဲတယ်လို့ထင်တယ် ဟု ဒေါ်မြမြဌေးက ပြောသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုကျော်မျိုးရွှေ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်ကို မေးမြန်းရာတွင် စွဲချက်တင်လိုက်ကြောင်းသာပြောဆိုပြီး ဆက်လက်ဖြေဆိုရန် ငြင်းဆန်သလို ကိုကျော်မျိုးရွှေကိုလည်း ဖြေဆိုခြင်းမလုပ်ရန် ဟန့်တားသည်။

နောက်တစ်ပတ်ရုံးချိန်းကို ဇူလိုင် ၃၀ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သော်လည်း အမှုကို ပြန်လည်စစ်ဆေးဦးမည် မဟုတ်သေးကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပါးကွက်ကျားနှင့် အမျိုးသမီးတစ်ဦးက ဖက်နမ်းနေသည့်ပုံကို အစ္စလာမ်ဘာသာဝင်တစ်ဦးက ဖမ်းနမ်းနေသည့်ပုံ ဖြစ်စေရန် အစားထိုးပြုပြင်၍ ကိုကျော်မျိုးရွှေ၏ Facebook စာမျက်နှာတွင် တင်ခဲ့သည့်အချက်အပြင် ပုတ်ခတ်ရေးသားမှုများ ပြုလုပ်ခဲ့သည့်အတွက် ကိုကျော်မျိုးရွှေကို စမ်းချောင်းရဲစခန်း၌ ၂၀၁၇ ခုနှစ်၊ မတ်လ ရက်နေ့က ဒေါ်မြမြဌေးက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းရေးသားမှုများတွင် ‘ဗလောင်းဗလဲတတ်တဲ့ ခင်ဗျားတို့ အစိုးရအဖွဲ့နဲ့ အကိုက်ညီဆုံး အလုပ်ကလေ ယဉ်ယဉ်ကျေးကျေးပြောရရင် ဇိမ်ခန်းထောင်တဲ့ အလုပ်ပဲ’ ဆိုသည့် အချက်အပါအဝင် ‘အာဏာရှင်အစိုးရလောက်တောင် အားမကိုးရတဲ့ ငိုးမ ဒီမိုအစိုးရ မု .. မု’ ဟူသော ရေးသားထားချက်များလည်း ပါဝင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button