အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ထရမ့်၏ အမေရိကန်လွတ်လပ်ရေးနေ့ ကျင်းပမှုပုံစံအပေါ် ပြည်သူများအကြား သဘောကွဲလွဲ

အမေရိကန်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝါရှင်တန်၌ သမ္မတထရမ့် ကျင်းပခဲ့သည့် Salute to America အခမ်းအနားများသည် တိုင်းပြည်ကို ချစ်ပြတာလား၊ နိုင်ငံရေးစတန့်ထွင်တာလားဟု အမေရိကန်ပြည်သူများအကြား ဝေဖန်နေကြသည်။

ပြီးခဲ့သည့် သီတင်းပတ်က အငြင်းပွားဖွယ် Salute to America အခမ်းအနားများသို့ အချို့ကလည်း မိုင်ထောင်ချီဝေးသည့် တောင်ပိုင်းအာကင်ဆောပြည်နယ်မှ ကားမောင်း လာရောက်ခဲ့ကြပြီး၊ အချို့ ဝါရှင်တန်ဒီစီ ဒေသခံများကလည်း ထရမ့်၏ ထောက်ခံသူများအဖြစ် အထင်လွဲခံရမည်စိုးကာ အနီးလေးတွင်ရှိသော အခမ်းအနားများကို ဝေးဝေးက ရှောင်ခဲ့ကြသည်။

သမ္မတထရမ့်သည် ယခုနှစ် ဇူလိုင်လ ရက် အခမ်းအနားတွင် လင်ကွန်းအမှတ်တရခန်းမ၌ ကိုယ်တိုင် မိန့်ခွန်းပြောကြားခဲ့သည့်အပြင် တင့်ကားများနှင့် ဂျက်လေယာဉ်များ ပါဝင်သော စစ်ရေးပြအခမ်းအနားကိုလည်း စီစဉ်ထည့်သွင်းခဲ့သည်။

ဝေဖန်သူများကမူ ဒေါ်နယ်ထရမ့်သည် အစဉ်အလာ လွတ်လပ်ရေးနေ့ အားလပ်ရက်ကို အပိုင်စီးကာ နိုင်ငံရေး အမြတ်ထုတ်ခဲ့သည်ဟု စွပ်စွဲကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အာကင်ဆောပြည်နယ်မှ ကားမောင်းလာခဲ့ကြသည့် ထရမ့်ထောက်ခံသူ မိန်းကလေးတစ်စုကမူ ထရမ့် ၂၀၂၀ လိုဂိုပါသည့် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားကြပြီး သူမတို့အနေနှင့် ထရမ့်၏ လွတ်လပ်ရေးနေ့ အစီအစဉ်များကို ကန့်ကွက်စရာ အကြောင်းမမြင်ပါဟု မှတ်ချက်ပေးကြသည်။

စစ်တပ်ထဲတွင် မိသားစုဝင်များစွာ ရှိသူ ဒက်ဘရာဒစ်ဆင်ကလည်းစစ်တပ်က ကျွန်မတို့ကို ကာကွယ်ပေးနေတာပဲလေဟု ပြောကြားသည်။

ကက်ပီတိုဟီးလ်လွှတ်တော်မှ တစ်မိုင်ခန့်အကွာရှိ ရပ်ကွက်မှ ဒေသခံများကမူ အသေးစား အခမ်းအနားလေးကို သီးသန့်ကျင်းပခဲ့ကြပြီး ဝါရှင်တန် အခမ်းအနားကို ဒေါ်နယ်ထရမ့်က အသုံးချနေသည်ဟု ပြောဆိုခဲ့ကြသည်။

ကက်ပီတိုဟီးလ် အခမ်းအနားသို့ ကလေးနှစ်ဦးနှင့်အတူ နှစ်စဉ်သွားကြည့်လေ့ရှိသူ ဒေသခံ အိုင်ရီနာကဒီနှစ်တော့ ကျွန်မ သွားမကြည့်ဘူးဟု ပြောကြားသည်။

စစ်ပွဲများနှင့် စစ်ဝါဒ အဆုံးသတ်ရေး လှုပ်ရှားနေသော Code Pink အဖွဲ့ကလည်း အမျိုးသားခန်းမအပေါ်တွင် ဘေဘီထရမ့်ဟု ရေးသားထားသည့် ရှူးခံဘောင်းဘီပုံ ပူဖောင်းကို လွှတ်တင်ကာ ဆန္ဒပြခဲ့သည်။

ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဘင်ဂျာမန်က လမ်းပေါ်တွင် တင့်ကားများရောက်နေသည့် မြင်ကွင်းကို သဘောမကျကြောင်း မှတ်ချက်ပေးသည်။

ထရမ့်ထောက်ခံသူတစ်ဦးဖြစ်သည့် ဒီလာဝဲမှ ဆူဆန်ကမူ လွတ်လပ်ရေး အခမ်းအနားတွင် ထရမ့်ပါဝင်မှုကို နှစ်ခြိုက်ကြောင်း မှတ်ချက်ပေးခဲ့ပြီးသူက အသုံးချတာ မဟုတ်ပါဘူး။ သူက သမ္မတပဲဟု ပြောကြားသည်။

ဇူလိုင်လ ရက်တွင် ကျရောက်သော အမေရိကန် လွတ်လပ်ရေးနေ့သည် ၁၇၇၆ တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရခဲ့သော အထိမ်းအမှတ်နေ့ဖြစ်ပြီး အစဉ်အလာအားဖြင့် သမ္မတများက ထိုအခမ်းအနားများတွင် အဓိကပုဂ္ဂိုလ်အဖြစ် နေရာယူလေ့မရှိပေ။

သမိုင်းမှတ်တမ်းအရ ၁၉၅၁ ခုနှစ်တွင် ဟယ်ရီထရူးမင်းက သမ္မတအဖြစ် လွတ်လပ်ရေးနေ့ မိန့်ခွန်း တက်ရောက်ပြောကြားမှုသည် အမေရိကန်သမ္မတတစ်ဦး၏ နောက်ဆုံးတက်ရောက်ခဲ့မှု ဖြစ်သည်။

Credit: Reuters

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button