အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA ထံမှ ခြိမ်းခြောက်စာနှင့် ကျည်ဆန်ရရှိထားသည့် ရဲစခန်းမှူး သေနတ်ဒဏ်ရာဖြင့်သေဆုံး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အပိုင် တိမ်ညိုတိုက်နယ် ကျေးရွာတွင် တာဝန်ကျနေသော စခန်းမှူး ရဲအုပ် ကျော်ကျော်လှအား မတ် ၂၃ ၇ နာရီ ၁၅ ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ပြီး မြောက်ဦးပြည်သူ့ဆေးရုံတွင် သေဆုံးသွားသည်ဟု သတင်းရရှိသည်။

ရဲအုပ်ကျော်ကျော်လှမှာ မြောက်ဦးမြို့နယ် ဆင်အိုးချေကျေးရွာသားတစ်ဦးဖြစ်ပြီး လွန်ခဲ့သော သုံးလခန့်က ရက္ခိုင့်တပ်မတော် ခေါ် AA ထံမှ စာတစ်စောင်နှင့် ကျည်တစ်တောင့်အား လက်ခံရရှိထားသူလည်း ဖြစ်သည်။ စခန်းအနီးမှ ထမင်းဆိုင်တွင် ထိုင်နေရာမှ အမည်မသိသော သေနတ်သမားအုပ်စု တစ်စုက လာရောက်ပစ်ခတ်ခဲ့ပြီး ဘယ်ဘက်ရင်အုံမှာ ကျည်ဆန်ထိခဲ့ပြီး သေဆုံးသွားခဲ့သည်ဟု မျက်မြင်တွေ့ခဲ့သည့် ဒေသခံတချို့က ပြောသည်။

မြောက်ဦးခရိုင်ရုံးအား ဖုန်းဖြင့်ဆက်သွယ်ရာတွင် “ဟုတ်တယ်။ ဖေ့စ်ဘုတ်ထဲမှာတက်နေတယ်။ အဲဒါ အမှန်ပဲ၊ တိမ်ညိုမှာဖြစ်တာပေါ့။ စခန်းဘေးနားမှာ ဆိုင်မှာ ဖြစ်တာပါ။ ဒီမှာအလုပ်ရှုပ်နေပါတယ်။ နာရေး ကိစ္စနဲ့။ ဖေ့စ်ဘုတ်ကိုတက်ကြည့်လိုက် အဲဒါအမှန်ပဲ” ဟုဆိုကာ ဖုန်းချသွားခဲ့သည်။

“သေတယ်လို့တော့ပြောတာ ကြားပါတယ်။ ဘယ်လိုအခင်းအကျင်းဖြစ်တယ်လို့တော့ မသိဘူး။ မေးလို့လည်းမရဘူး။ ဖြစ်စဉ်ကိုတိမ်ညို ရွာသားတွေကိုမေးရင်လည်း မပြောရဲမဆိုရဲ ဖြစ်နေကြပါတယ်” ဟု မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရဲအုပ်ကျော်ကျော်လှသည် ရခိုင်ပြည်နယ်ပဋိပက္ခများ မြင့်တက်လာခဲ့သည့် ကာလအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသည့် ခြောက်ဦးမြောက်ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button