အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လွှတ်တော်အမတ်က မဲဆန္ဒရှင်ကို ၆၆ (ဃ) ဖြင့် စွဲဆိုမှု ညှိနှိုင်းပေးသူ မရှိသေး

ရန်ကုန် – ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ရန်ကင်းမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ်က မဲဆန္ဒရှင် အမျိုးသမီးတစ်ဦးကို နာမည်ကျော် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲထားသည့်အမှုတွင် ကြားဝင် ဖြေရှင်းပေးသည့်သူ မရှိသေးကြောင်း ၎င်းတို့နှစ်ဦးစလုံးက ဇူလိုင် ၁၂ ရက်နေ့တွင် ပြောသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ရန်ကင်းမှ ဒေါ်မြတ်သက်မွန်၏ ဖေ့စ်ဘုတ်စာမျက်နှာရှိ ရေးသားချက်တစ်ခုနှင့် ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲရခြင်းမှာ ဥပဒေရှိနေခြင်း၊ အဆင့်ဆင့် စစ်ဆေးမှုများ ပြုလုပ်ပြီး အမှုမြောက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း  တရားလိုဖြစ်သူ ဒေါ်သီတာမောင်က ဆိုသည်။    

“ကြားဝင်ဖြေရှင်းပေးတဲ့သူတော့ လက်ရှိအချိန်ထိ မရှိပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကိုယ့်မဲဆန္ဒရှင်ပြည်သူနဲ့ တရားတပေါင် လုံးဝ မဖြစ်ချင်ဘူး” ဟု ဒေါ်သီတာမောင်က ပြောသည်။    

ဖေ့စ်ဘုတ်တွင် ရေးသားမှုအတွက် တောင်းပန်မည်ဆိုပါက “ကျေအေးပေးဖို့တော့ အများကြီးစဉ်းစားပါတယ်” ဟု ဒေါ်သီတာမောင်က ရန်ကင်းမြို့နယ်တရားရုံးအပြင်ဘက်တွင် Myanmar Now ကို ပြောသည်။      

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမှုနှင့်ပတ်သက်ပြီး တရားလို၏ ကိုယ်စားပြုပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အကြောင်းကြားထားသည်ဟု တရားရုံးသို့ တစ်လနှစ်ကြိမ်သွားရောက်ပြီး အမှုရင်ဆိုင်နေရသည့် ဒေါ်မြတ်သက်မွန်က ဆိုသည်။

“ပါတီရုံးချုပ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကတော့ ကျွန်မဘက်က လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို တောင်းပန်ရင် သူတို့ဘက်က ညိုနှိုင်းပေးလို့ရတယ်၊ တောင်းပန်ရင် အမှု ပိတ်ပေးမယ်လို့ပြောပါတယ်။ ကျွန်မဘက်က မမှားတဲ့အတွက် တောင်းပန်စရာလည်း အကြောင်းမရှိပါဘူး” ဟု ဒေါ်မြတ်သက်မွန်က ရှင်းပြသည်။

ဒေါ်မြတ်သက်မွန်သည် ခိုကိုးရာမဲ့ခွေးများကို ဂေဟာ ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးနေသူတစ်ဦးဖြစ်သည်။

သူ၏ ဖေ့စ်ဘုတ်ရေးသားတချို့နှင့် ပတ်သက်ပြီး ရန်ကင်းမဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ကလည်း အသရေဖျက်မှု ပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆိုထားသည်။

မြို့နယ်တရားရုံးက ထိုအမှုနှစ်ခုကို ဇူလိုင်လ ၂၆ တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button