အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကင်းအမတ်နှင့် မဲဆန္ဒရှင်အမှု NLD ရုံးအဖွဲ့မှူးကို စစ်ဆေး

ရန်ကုန် – ရန်ကုန်မှ လွှတ်တော်အမတ်တစ်ဦးက မဲဆန္ဒရှင်တစ်ဦးဖြစ်သူ ဒေါ်မြတ်သက်မွန်ကို အသရေဖျက်မှု ပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆိုထားသည့်အမှု တရားရုံးတွင် သြဂုတ် ၈ ရက်နေ့က ဆက်လက် စစ်ဆေးရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရန်ကင်းမြို့နယ်ရုံးခွဲ ရုံးအဖွဲ့မှူးက သက်သေထွက်ဆိုခဲ့သည်။

ဒေါ်မြတ်သက်မွန်နှင့် အိမ်အကူအလုပ်သမားကြား ဖြစ်ပွားသည့် ပြဿနာတစ်ခုအတွက် ရန်ကင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက လူမှုရေးအရ ဖြေရှင်းပေးခဲ့သော်လည်း “ကျက်သရေမရှိတဲ့ရုံး၊ အရည်အချင်းမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်” ဟု တုံ့ပြန်ခံခဲ့ရကြောင်း  ရုံးအဖွဲ့မှူး ဦးကြီးစိန်က ပြောသည်။

“ဒီကိစ္စကတော့ စော်ကားတာဖြစ်ပါတယ်” ဟု ရုံးအဖွဲ့မှူးက တရားရုံးခွင်တွင် ထွက်ဆိုသည်။

တရားလိုဖြစ်သူ ရန်ကင်းမြို့နယ်မဲဆန္ဒနယ်အမှတ် ၁  လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ကလည်း သည်းခံနိုင်သည့် အတိုင်းအတာထက် ကျော်သွားသဖြင့် တရားစွဲခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဝေဖန်တာကိုတော့ ခံနိုင်ပါတယ်။ ဒါက ပုဂ္ဂိုလ်ရေးစော်ကား၊ ပါတီကို စော်ကားလို့ အမှုဖွင့်တာပါ” ဟု ဦးသိန်းဇော်က ဆိုသည်။

ရာဇသတ်ကြီး ဥပဒေ၊ အသရေဖျက်မှု ပုဒ်မ ၅ဝဝ သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ငွေဒဏ်မှ  အလုပ်မဲ့ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

စွဲဆိုမှုကို ရင်ဆိုင်နေရသူ ဒေါ်မြတ်သက်မွန်သည်  ခွေးလေးများ နားခိုရာ ဂေဟာကို တည်ထောင်ပြီး လမ်းဘေးရောက်ခွေးများကို ပြုစုစောင့်ရှောက်နေသူ  ဖြစ်သည်။

“ကျွန်မဘက်က သက်သေတွေ ဝင်လာရင် အားလုံး ရှင်းသွားမှာပါ” ဟု ဒေါ်မြတ်သက်မွန်က ပြောသည်။

ဤအမှုသည် ၂ဝ၁၆  ဒီဇင်ဘာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မဲဆန္ဒနယ်အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်ကလည်း သူ့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲထားရာ အမှု နှစ်ခုလုံးကို မြို့နယ်တရားရုံးတွင် ပုံမှန် စစ်ဆေးနေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button