အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုးစစ်ဆင်ခံနေရသည့် ခင်ဦးတွင် ကလေးနှစ်ဦး ကျည်ထိသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အာဏာသိမ်းတပ်က ပစ်ခတ်သဖြင့် စစ်ဘေးရှောင် ကလေးတစ်ဦး ယနေ့ (မတ် ၆) တွင် သေဆုံးသွားကြောင်း သိရသည်။

မုံလှကျေးရွာမှ ရွာအရှေ့ဘက်တွင်ရှိသည့် တောင်ယာတောတိုက်များအတွင်းသို့ စစ်ဘေးရှောင်နေသည့် လူအုပ် ပစ်ခတ်ခံရစဉ် ၈ နှစ်အရွယ် မဆုရတနာမြင့်၏ ဦးခေါင်းကို ကျည်ထိသွားခြင်း ဖြစ်သည်၊ အရပ်သား လူအုပ်ကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုရွာမှ ဒေသခံတို့က ဆိုသည်။

“ကလေးက မိသားစုနဲ့ အခြားရွာသားတွေနဲ့အတူတူ တောတိုက်ထဲမှာ ပြေးလွှားနေတုန်းမှာ xx ကြောင်းက ရွာဆီ ဦးမတည်ဘဲ၊ စစ်ရှောင်နေတဲ့ လူအုပ်ဆီ ပစ်ခတ်တိုက်ခိုက်ခဲ့တာ” ဟု မုံလှကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုစည်က ဆိုသည်။

“ပြည်သူတွေကြားထဲကို လက်နက်စုံပစ်တာ။ လူအုပ်လိုက်ကြီး ပြေးလွှားနေကြတာ။ ရွာသားတွေမှ အများကြီးပဲ၊ အဲ့ဒီထဲကို ပစ်တာ”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုဖြစ်ရပ်မတိုင်မီ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းထောက်တပ်ဖွဲ့ကို မုံလှကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ရာမှ မိနစ်အနည်းငယ် ကြာမြင့်သော၊ နှစ်ဖက်အထိအခိုက်မရှိသော တိုက်ပွဲတစ်ခု ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

ထိုစစ်ကြောင်းသည် ယမန်နေ့ (မတ် ၅) မှ စတင်ပြီး ရေဦးမြို့ဘက်မှတစ်ဆင့် ရေဦး၊ ခင်ဦး၊ ကန့်ဘလူမြို့နယ် ၃ ခုအစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည်၊ အင်အား ၁၀၀ ခန့် ရှိသည်ဟု သိရသည်။

ယနေ့တွင် ကန့်ဘလူမြို့နယ် ကျည်စုကျေးရွာမှ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများဆီ ဦးတည်လာစဉ် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ရာမှ ထိုကလေးငယ် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ကန့်ဘလူမြို့နယ်တို့မှ ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူတို့မှာ ဘေးလွတ်မည် ယူဆရသည့် တောတိုက်များအတွင်းသို့ ထွက်ပြေးပုန်းရှောင်နေကြရကြောင်း၊ အာဏာသိမ်းတပ်၏ စစ်ကြောင်းက ကလုံကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

မဆုရတနာမြင့် ပစ်ခတ်ခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

၁၂ သား သေဆုံးမှု

ယမန်နေ့ (မတ် ၅) တွင်လည်း ခင်ဦးမြို့နယ်အတွင်း ဗုံးသီးတစ်လုံး ပေါက်ကွဲသဖြင့် ၁၂ နှစ်အရွယ် နွားကျောင်းသား သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ခင်ဦးအရှေ့ခြမ်း အလယ်လျှိုကျေးရွာမှ မောင်ချစ်ရင်ထူး ခေါ် စာပုတီး ဖြစ်သည်၊ ပေါက်ကွဲပျက်စီးသွားသည့် အပိုင်းအစများကို စစ်ဆေးကြည့်ရာ ၄၀ မမ ဗုံးသီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“xx ကြောင်း ဝင်လာတုန်းက တိုက်ပွဲဖြစ်ခဲ့တုန်းက မပေါက်ကွဲတဲ့ ဗုံးသီးကို ကလေးက ရွာထဲကနေ တွေ့ပြီး ကောက်လာတာ၊ အဲ့ဒါကို ဆော့မိတယ် ထင်တယ်၊ ပေါက်ကွဲပြီးတော့ နေရာမှာပဲ ဆုံးသွားခဲ့တာ” ဟု သူက ဆိုသည်။

“ဗုံးသီးက ပစ်ထားပြီးသားကို မကွဲဘဲ ကျန်နေခဲ့တာ။ ကလေးလေးက နွားကျောင်းရင်း တွေ့လာပြီး ရေကန်နားမှာ ထုတာရိုက်တာ လုပ်ပုံရတယ်။ ဗုံးသီးကို ကိုင်ထားခဲ့တဲ့ လက်က တော်တော်ပျက်စီးတာ တွေ့ရတယ်” ဟု အလယ်လျှိုရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ခင်ဦးမြို့နယ် ငါးတင်ကြီးကျေးရွာတွင်လည်း ၂၀၂၂ နှစ်လယ်ပိုင်းတွင် စစ်ကောင်စီတပ် ကျန်ခဲ့သည့် ၆၀ မမ ဗုံးသီးတစ်လုံးကို ကောက်ယူခဲ့သည့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သေးသည်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန်များကို အရပ်သားတို့က ကောက်ယူကိုင်တွယ်ရာမှ အန္တရာယ်ဖြစ်ကြရသလို၊ နင်းမိုင်းများကြောင့် သေဆုံး ဒဏ်ရာရနေသည်။

မိုင်းကို အာဏာသိမ်းတပ်က သုံးသလို တော်လှန်ရေးအဖွဲ့များကလည်း ဗျူဟာမြောက်လက်နက်အဖြစ် သုံးနေကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက တိုက်ပွဲဒေသ အရပ်သားများကို မိုင်းများ၊ လက်နက်ကြီးကျည်များ တွေ့ရှိလျှင် ကိုင်တွယ်ခြင်းမပြုရန် အပါအဝင် သတိထားရှောင်ကြဉ်ကြရမည့် အချက်အလက်များနှင့် ပတ်သက်ပြီး သတိပေးဟောပြောနေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles