အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
လေ့လာသုံးသပ်ချက်

စစ်ခေါင်းဆောင်၏ အထိနာကြောင်း ဝန်ခံချက်နှစ်ခု 

အမျိုးသားကာကွယ်ရေးနှင့် လုံခြံရေးကောင်စီအစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့အထိနာနေသည့် အချက်နှစ်ချက်ကို ဝန်ခံသွားသည်။ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ အနက် တစ်ဝက်ခန့်သာ ထိန်းချုပ်နိုင်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း ထက်ဝက်နီးပါး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သွားသည်ဟု ပထမဆုံးအကြိမ် ဝန်ခံပြောဆိုခြင်းဖြစ်သည်။​

အာဏာသိမ်းမှု နှစ်နှစ်ပြည့်ရန် တစ်ရက်အလို ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့သော ကာလုံအစည်းအဝေးတွင် ရှည်လျားထွေပြားစွာ ရှင်းလင်းတင်ပြစဉ် စစ်ခေါင်းဆောင်က ၎င်းတို့အနေဖြင့် ရာနှုန်းပြည့်ထိန်းချုပ်နိုင်သည်မှာ ၁၉၈ မြို့နယ်သာ ရှိပြီး၊ လုံခြုံရေးနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ ခု၊ ထိထိရောက်ရောက်ဆောင်ရွက်ရမည့် မြို့နယ် ၆၅ ခု ရှိသည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းတို့ကို လက်နက်ကိုင်ခုခံနေသော ဒေသများတွင် ယခင်က ပုန်ကန်တော်လှန်ဖူးခြင်း မရှိသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသ၊ ချင်းပြည်နယ်တို့ ပါဝင်လာသည်။

ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများ၌ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ် တိုက်ခိုက်ခံနေရသည်ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရသည့် စစ်ကောင်စီအနေဖြင့် နယ်မြေဒေသအများအပြားကို လုံးဝမထိန်းချုပ်နိုင်သည့် အခြေအနေရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ခေါင်းဆောင်အဆိုအရ ထိထိရောက်ရောက်လုံခြုံရေးဆောင်ရွက်ရမည့် မြို့နယ် ၆၇ ခုမှာ ၎င်းတို့ လုံးဝထိန်းချုပ်နိုင်ခြင်းမရှိသည့် မြိုန့ယ်များဖြစ်ကာ လုံခြုံရေးအလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၅ ခုမှာ တစ်ဝက်တစ်ပျက်သာ ထိန်းချုပ်နိုင်သည့်သဘောဖြစ်သည်။​

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံ့ဝန်ထမ်းများ အာဏာဖီဆန်ခဲ့ကြရာ ကျန်းမာရေးဝန်ကြီးဌာမှ ဝန်ထမ်းပေါင်း ၁၀၃,၂၁၃ ဦး (တစ်သိန်းကျော်) အနက် ၅၄,၇၂၂ ဦး (ငါးသောင်းဝန်းကျင်) သာ တာဝန်ထမ်းဆောင်နိုင်ပြီး ၄၇,၂၅၄ ဦး (ငါးသောင်းနီးပါး) CDM ပြုလုပ်သွားသည်ဟု မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်သည့် ကျန်းမာရေးဝန်ထမ်းအရေအတွက်မှာ ရာခိုင်နှုန်းအားဖြင့် ၅၀ သာရှိသည်။

ထို့ပြင် ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်မှုမြင့်မားသည့် ကာလအတွင်း တစ်နိုင်ငံလုံးရှိ ဆေးရုံနှင့် ဆေးပေးခန်း ၁၂,၅၀၄ ခုအနက် ထက်ဝက်သာသာ ၆၅ ဒသမ ၅၃ ရာခိုင်နှုန်းသော ဆေးရုံနှင့် ဆေးခန်းများတွင်သာ ကုသပေးနိုင်ခဲ့သည်ဟုလည်း ဝန်ခံပြောဆိုထားသည်။

ယခုနှစ် ဇန်နဝါရီလမှစ၍ ပုဂ္ဂလိက ဆေးရုံ၊ ဆေးပေးခန်းများတွင် CDM ကျန်းမာရေးဝန်ထမ်းများ ရှိမရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနက အပူတပြင်း လိုက်လံစစ်ဆေးနေသည်ဟု နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် လက်ရှိကုသ‌ပေးနေသော ဆရာဝန်စာရင်း၊ အထွေထွေဆေးကုခွင့်လိုင်စင် (ဆမ)၊ အဖအမည်နှင့် နေရပ်လိပ်စာမှစ၍ အသေးစိတ် လိုက်လံစစ်ဆေးကာ နိုင်ငံရေးကင်းရှင်းကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းသည်ဟု CDM ပြုလုပ်ထားသူ ရန်ကုန်မြို့ မှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးဆရာဝန်တစ်ဦးက ပြောသည်။​

“ခွဲခန်းစာရင်း တောင်းတယ်။ ဆမသက်တမ်းမရှိရင် CDM လို့ သတ်မှတ်တယ်။ ဇန်နဝါရီ ၂၀ လောက်ကတည်းက လိုက်စစ်နေတာ အခု အကုန်နားနေရတယ် အထူးကုဆေးခန်းတွေ လိုက်စစ်နေတယ်”

ပြီးခဲ့သည့်နှစ် မတ်လအတွင်း မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံး ၅ ခုကို စစ်ကောင်စီက ပိတ်သိမ်းခဲ့ကာ ဆေးရုံအုပ်ကြီးများ အပါအဝင် ဆရာဝန်နှင့် သူနာပြုအများအပြားကိုလည်း ဖမ်းဆီးအရေးယူခြင်း၊ ဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles