အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးသုံးရက်ကြာ ရွာအပြီး ပဲခူးနှင့် မကွေးတွင် ရေကြီးနေ

(ရန်ကုန်) — ဇွန်လ ၈ ရက်နေ့မှစ၍ သုံးရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံနေပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေရသည်။

ရေကြီးမှုအရှိန်ကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ လူနေအိမ်၊ လမ်းနှင့် တံတား ပျက်စီးမှုများ ရှိခဲ့ရကြောင်း ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

“ကျွန်မကို (ဇွန်လ၁၁ရက်) မနက် ၁ နာရီလောက်ကြီး ဖုန်းဆက်လာတော့ နည်းနည်းပဲ ထင်တာ၊ တကယ်ရောက်လာတော့ ယုံတောင်မယုံနိုင်ဘူး။ ရေတက်နေတာများတဲ့အပြင် ရေစီးကလည်းမြန်တယ်” ဟု မကွေးတိုင်းလွှတ်တော်၏ သရက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဒေါ်အေးယုမော်က ဆိုသည်။

သရက်မြို့နယ်အပြင် မကွေးတိုင်းအတွင်းရှိ စေတုတ္တရာ၊ ငဖဲ၊ စလင်း၊ မင်းလှ၊ ပွင့်ဖြူ၊ မင်းတုန်းနှင့် ကံမမြို့နယ်အတွင်းရှိ ချောင်းနှင့်နီးသော နေရာများတွင် ရေကြီးရေမြုပ်မှုများ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မကွေးတိုင်းအတွင်းရေကြီးမှုကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ရန်အတွက် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဆည်မြောင်းဌာန၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်ရင်း၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်အတွင်းရှိ ၇၂၀ ပေရှည်လျားသည့် ရေနံ့သာတံတား(ဘေလီတံတား) ရေစီးနှင့်မျောပါသွားကြောင်း၊ ငဖဲ – စေတုတ္တရာလမ်း ထမင်းချက်ကျေးရွာအနီးတွင် ရေပြွန်ပျက်စီးမှုကြောင့် အကျယ် ၅၀ ပေ၊ အနက် ၁၀ ပေခန့်ရှိ လမ်းပြိုမှုများ ရှိကြောင်း၊ မင်းလှမြို့နယ် ရွှေချောင်းကျေးရွာမှ အိမ် ၇ လုံး မျောပါသွားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

အလားတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပေါင်းတည်၊ ပြည်၊ ပေါက်ခေါင်း နှင့် သဲကုန်းမြို့နယ်များ တွင်လည်း မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံလျက်ရှိသည်။

“တောင်ပေါ်မှာရော တောင်ခြေမှာပါ ရွာတဲ့အခါကျတော့ ရေအရမ်းများပြီးတော့ ချောင်းရေလျှံပြီးတော့ ရေကြီးတာပါ။ ခါးလောက်ထိမြင့်တဲ့ နေရာတွေတောင် ရှိတယ်” ဟု ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပေါင်းတည် မြို့နယ် မဲဆန္ဒနယ်အမတ်ဦးထွန်းထွန်းဦးက ပြောသည်။

ပေါင်းတည်မြို့နယ်မှ ကိုတင်ဝင်းဇော် က “ရေကတော့ တော်တော်လေးများတယ်။ ဒီလောက်ကြီး ရေကြီးတာမျိုးကို တစ်ခါမှမကြုံဖူးဘူး။ ကျောင်းနဲ့ အန္တရာယ်ရှိနိုင်တဲ့ လမ်းတွေ၊ နေရာတွေကို ပိတ်ထားတယ်” ဟု ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles