အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးသည်းထန်၍ ဒေသတချို့ရေကြီးနေပြီး လူလေးဦး သေဆုံး

(ရန်ကုန်) – ဇွန်လဆန်းပိုင်းက စတင်ခဲ့သည့် သည်းထန်စွာရွာသွန်းနေသော မိုးအရှိန်ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုတွင် ရေကြီးရေလျှံမှုများဖြစ်နေပြီး လူလေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း လူကယ်ပြန်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက Myanmar Now ကို ယနေ့(ဇွန်လ၁၄ရက်)တွင် ပြောကြားလိုက်သည်။

အဆက်မပြတ် ရွာသွန်းခဲ့သည့် မုတ်သုံမိုးကြောင့် စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်၊ ကယားနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မြေပြိုကျမှုများ၊ လူနေအိမ်များ ရေစီးထဲမျောပါမှုများ ဖြစ်ခဲ့ရကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယ်ဆယ်ရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးသီ က ပြောသည်။

“သေဆုံးသူက လေးဦးရှိပြီပေါ့။ ကလေးတစ်ဦးပါတယ်။ ရေစီးနဲ့ မျောပါသွားပြီ သေဆုံးကြတာပါ” ဟု ဒေါ်ဌေးသီ က ပြောသည်။

ရေကြီးမှုကြောင့် သေဆုံးသူများမှာ မကွေးတိုင်းဒေသကြီးအတွင်းရှိ စလင်း၊ ပွင့်ဖြူ၊ မင်းလှနှင့်မင်းဘူးမြို့နယ် တို့မှ ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြေပြင်စာရင်းဇယားများအရ မကွေးတိုင်းဒေသကြီးသည် ရေကြီးမှုကြောင့်ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကံမ၊ ပခုက္ကူ၊ ပွင့်ဖြူ၊ သရက်၊ မင်းတုန်း၊ မင်းလှ၊ တောင်တွင်းကြီး၊ ငဖဲ၊ ရေနံချောင်းမြို့နယ်တို့မှ လူနေအိမ် ၃၀ နီးပါးရေစီးထဲ မျောပါခဲ့ပြီးနောက် အိမ်ခြေ ၂၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းးထားရကြောင်း ကယ်ဆယ်ရေး ဌာနက သတင်းထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းသည့် အခြေအနေသို့ပြောင်းလဲခဲ့ခြင်းကြောင့် မြန်မာနိုင်ငံဒေသအတော်များများတွင် မိုးဆက်လက်ရွာသွန်းဖွယ်ရှိပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကယနေ့(ဇွန်လ၁၄ရက်) ညနေ ၄နာရီတွင်ခန့်မှန်းထားသည်။

မနက်ဖြန်(ဇွန်လ၁၅)မနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles