အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝက်လက်ဒေသခံ ၅ ဦး နေအိမ်များနှင့်အတူ မီးရှို့ခံထားရ

စစ်ကိုင်းတိုင်းအလယ်ပိုင်း ဝက်လက်မြို့နယ်ရှိ ကျေးရွာအချို့ကို ဝင်ရောက်စီးနင်းနေသည့် စစ်တပ်က ယမန်နေ့ (နိုဝင်ဘာ ၁၃) တွင် ဒေသခံ ၅ ဦးကို သတ်ဖြတ်ကာ နေအိမ်များနှင့်အတူ မီးရှို့ခဲ့ကြောင်း သိရသည်။

ယခုလ ၁၂ ရက်ကတည်းက ထိုဒေသတွင် ရောက်လာသည့် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီစစ် ကြောင်းက ယမန်နေ့တွင် ဝက်လက်မြို့ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ ထန်းကြီးရွာကို ဝင်ရောက်စီးနင်းကာ တစ်ညအိပ် တပ်စွဲပြီးနောက် ထိုသို့ သတ်ဖြတ်ကာ မီးရှို့ခဲ့ခြင်းဖြစ်သည်။

ထန်းကြီးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာ မန္တလေး – မြစ်ကြီးနားရထားလမ်းပေါ်ရှိ ဘူတာအနီးမှ နေအိမ်တစ်လုံးတွင် ရုပ်အလောင်း ၄ လောင်း၊ ရွာထဲတွင် ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့သည်ဟု ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်က ပြောသည်။

“တစ်ယောက်ကတော့ လည်လှီးခံထားရတဲ့ သဘောပဲ။ ရုပ်တွေကတော့ မပီတော့ဘူး၊ ဆိုင်ကယ်တွေနဲ့ တွဲပြီးရှိုသွားတာ။(ကျန်သုံးယောက်ကတော့ )သတ်ပြီးမှ ရှို့တာလား၊ မသတ်ခင်ရှို့တာလားတော့ မသိဘူး” ဟု ရုပ်အလောင်းများကို မျက်မြင်တွေ့ရှိခဲ့သည့် ပကဖခေါင်းဆောင်က ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဘူတာအနီး နေအိမ်တွင် တွေ့ရှိရသည့် ရုပ်အလောင်းများမှာ ထန်းကြီးရွာမြောက်ဘက် လေးမိုင်အကွာ ပေါက္ကံရွာမှ ဒေသကာကွယ်ရေးအဖွဲ့မှဖြစ်ကြောင်း၊ အသက် ၂၅ အရွယ် အငယ်ကောင်၊ ငဇိမ်၊ လူလေး နှင့် ၄၀ အရွယ် ကိုဇော်သင်းတို့ဖြစ်ကြောင်းလည်း သိရသည်။

မီးရှို့ခံထားရသည့် ရုပ်အလောင်းများ။ (ဓာတ်ပုံ – ပေးပို့) 

စစ်သားများထွက်သွားပြီအထင်ဖြင့် ထန်းကြီးဘူတာအနီး သွားရောက်စဉ် ဖမ်းဆီးသတ်ဖြတ်ခံရသည် ဟုလည်း ပကဖခေါင်းဆောင်က ဆိုသည်။​

စစ်တပ်က မီးရှို့သဖြင့် အိမ်ခြေ ၄၀၀ ခန့်ရှိ ထန်းကြီးရွာတွင် အနည်းဆုံး အိမ်အလုံး ၃၀၀ ကျော်အထိ မီးလောင်ပြာကျသွားဟု သိရသည်။ ၂၀၁၄ သန်းခေါင်းစာရင်းအရ ထန်းကြီးရွာမှာ လူဦးရေ ၃၀၀၀ နီးပါးရှိသည်။ 

ရွာအတွင်း မီးလောင်ထားသည့် နေအိမ်တစ်လုံးတွင် အသက် ၅၀ အရွယ် ဦးသင်းကို၏ ရုပ်အလောင်း ကိုတွေ့ရကြောင်း၊ ၎င်းမှာ ကျန်းမာရေးမကောင်းသူဖြစ်ပြီး ထွက်မပြေးနိုင်သဖြင့် ဖမ်းဆီးသတ်ဖြတ် ခံရခြင်းဖြစ်သည်ဟုလည်း ပကဖခေါင်းဆောင်က ဆိုသည်။

“မပြေးနိုင်တော့ ကြောက်ပြီး အိမ်ထဲပုန်းနေတဲ့အချိန်မှာ မီးလောင်သွားတာလို့ ယူဆရတာပဲ” 

စစ်ကောင်စီစစ်ကြောင်းက ဘူတာအနီးမှ နေအိမ်နှစ်လုံးကို မီးရှို့ပြီးနောက် ထန်းကြီးရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ကျားသစ်နက်အမည်ရ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။​

“ဘူတာကနေတစ်ဆင့် ရွာထဲကို လက်နက်ကြီးတွေ၊ စက်ကလေးတွေနဲ့ ပစ်ဝင်ပြီးမီးရှို့သွားတာ” 

စစ်တပ်ဝင်စီးစဉ် အခြားဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော နန်းတက်မင်းဆိုသော အဖွဲ့ပိုင် ကား နှစ်စီးနှင့် ဆိုင်ကယ် ၁၀ စီးလည်း မီးရှို့ဖျက်ဆီးခံရသည်ဟု သိရသည်။ 

စစ်သားများသည် ယမန်နေ့ညနေပိုင်းတွင် ထန်းကြီးကျေးရွာအရှေ့ဘက် သုံးမိုင်နီးပါးအကွာ ကျောင်းဖြူရွာဘက်သို့ ထွက်ခွာသွားပြီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ငါးဦးခန့် သေဆုံးသည်ဟု ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ထုတ်ပြန်ထားသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ထန်းကြီးရွာကို စစ်တပ်က မီးရှို့နေစဉ်။ (ဓာတ်ပုံ – ပေးပို့) 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button