အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းမြောက်တွင် လက်နက်ကြီးကျည်ကျ၊ တစ်ဦးသေ ခြောက်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နိမ်အွမ်ကျေးရွာအတွင်း ယနေ့(ဇွန်လ ၂၈ ရက်) နံနက် ၆ နာရီမှ ၇ နာရီကြားတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားပြီး အနည်းဆုံး လူခြောက်ဦး ဒဏ်ရာရခဲ့သည်။

တအာင်း(ပလောင်) မျိုးနွယ်စုများ နေထိုင်ရာ အဆိုပါရွာအတွင်း ကျရောက်ခဲ့သည့် လက်နက်ကြီးများကြောင့် အသက် ၈ နှစ် အရွယ် ယောက်ျားလေးတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ တွင် သေဆုံးသွားပြီး ဒဏ်ရာရရှိသူများအနက် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးတို့မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း နမ့်ဖက်ကာအခြေစိုက် မေတ္တာရှင်လူမှုကူညီရေးအသင်း အတွင်းရေးမှူး ကိုမြတ်စိုးက ပြောသည်။

“ကွတ်ခိုင်ဆေးရုံက လားရှိုး (စစ်) ဆေးရုံကို လွှဲလိုက်တာ အသက်အကြီးဆုံးအမျိုးသမီးကတော့ တော်တော်စိုးရိမ်ရတယ်” ဟု ကိုမြတ်စိုးက ပြောသည်။

နောက်ကျောဘက်တွင် လက်နက်ကြီးကျည်ဆန်ထိမှန်ခဲ့သည့် အဆိုပါလူနာများသည် ကွတ်ခိုင်ဆေးရုံသို့ မနက် ၁၁ ခွဲခန့်တွင် ရောက်ရှိပြီး လားရှိုးစစ်ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ယနေ့ညနေ လေးနာရီခွဲခန့့်အထိ လားရှိုးဆေးရုံသို့ သွားရာလမ်းတွင်ပင် ရှိသေးသည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ လက်နက်ကြီးကျည်ဆန်များမှာ မည်သည့်တပ်ဖွဲ့က ပစ်ခတ်လိုက်သည့် ကျည်ဆန်ဖြစ်ကြောင်းများ မသိရှိရသေးပါ။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button