အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဘေးကြောင့် မြန်မာပြည် အထက်-အောက် ကုန်စည် စီးဆင်းမှု ထိခိုက်

(ရန်ကုန်) – မြန်မာနိုင်ငံ အောက်ပိုင်းတွင် ရေကြီးနေသဖြင့် ကုန်စည်စီးဆင်းမှုကို အကြီးအကျယ် ထိခိုက်နေကြောင်း ရန်ကုန်မှ ကုန်သည်များက ဆိုသည်။

ရန်ကုန်တိုင်း ကုန်သည်၊ စက်မှုလုပ်ငန်းရှင်များအသင်း၊ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က ကုန်စည် စီးဆင်းမှုများ ရပ်တန့်နေပြီး ရန်ကုန် ဘုရင့်နောင်ပွဲရုံတွင် ရောင်းအား ထက်ဝက်ခန့် ကျနေသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်သည် ဟု ပြောသည်။

ထိုင်းနယ်စပ်မှ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်သန်းပြီး ရန်ကုန်သို့ ဝင်ရောက်မည့် လူသုံးကုန်ပစ္စည်းများနှင့် အညာဒေသမှ အောက်မြန်မာပြည်သို့ ပို့ဆောင်ရသည့် စားသောက်ကုန် ပစ္စည်းများမှာလည်း ရေကြီးမှုကြောင့် အသွားအလာ ရပ်တန့်နေရသည်ဟု ဦးခင်ဟန်က ဆိုသည်။

“အဓိကကတော့ အထက်မြန်မာပြည် အညာဘက်ကလာတဲ့ ငရုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီပေါ့။ (အောက်မြန်မာပြည်) နယ်ဝယ်လက်တွေ လုံးဝ မရှိတော့ဘူး” ဟု ရန်ကုန် ကုန်စည်ဒိုင် ဥက္ကဋ္ဌက ပြောသည်။

“အဲဒီလိုပဲ အောက်မြန်မာပြည်ကနေလာတဲ့ ပစ္စည်းတွေကလည်း ဈေးကွက်ကို မရောက်လာတော့ ဈေးတက်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဘားအံ ဒေသခံ ဦးဆွေဝင်းက ထိုင်းနယ်စပ် မြဝတီမှလာသည့် ကုန်ကားများ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးရှိ ဂျိုင်းတံတားတွင် ပိတ်ဆို့နေသည်မှာ တစ်ပတ်ခန့်ကြာပြီ ဖြစ်သည်ဟု ပြောသည်။

ဇူလိုင်လ ၂ဝ ရက်နေ့က စတင်ခဲ့သည့် ရေကြီးနစ်မြုပ်မှုကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရေဘေးသင့်နေသည်။

ရေဘေးအန္တရာယ်ကြောင့် အိမ်ထောင်စုပေါင်း ၁၂,၂၉၅ စု၊ လူဦးရေ ခြောက်သောင်းနီးပါး ပြောင်းရွှေ့ခဲ့ရသည်ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ယခုလ ၂၈ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button