အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရုတ်တရက် ဒီရေတက်သဖြင့် တိုက်နယ်ဆေးရုံ ရွှေ့ပြောင်းခဲ့ရ

(ရန်ကုန်) — ပင်လယ်ဒီရေ ရုတ်တရက် တက်လာခဲ့ပြီးနောက် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အလှပ်ကျေးရွာ တိုက်နယ်ဆေးရုံကို ယမန်နေ့ညပိုင်းတွင် (ဩဂုတ် ၁၂) အရေးပေါ် ရွှေ့ပြောင်းခဲ့ရသည်။

မုတ္တမပင်လယ်ကွေ့နှင့် ထိစပ်နေသည့် အလှပ်ကျေးရွာရှိ ၁၆ ခုတင်ဆန့် တိုက်နယ်ဆေးရုံအတွင်းတွင် အမြင့်နှစ်ပေနီးပါး ရေဝင်ရောက်ခဲ့ပြီးနောက် လူနာ ၂ဝ ကို ရေကင်းလွတ်သည့် ဘုန်းတော်ကြီးကျောင်းသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ ရသည်ဟု ဆေးရုံတာဝန်ခံက ပြောသည်။

“ရေက ထပ်ကြီးဦးမယ့် အခြေအနေမှာ ရှိတယ်၊ မနေ့က (ဩဂုတ် ၁၂) ထက်ကို ပိုတက်မယ့်သဘောမှာ ရှိတယ် ” ဟု ဆေးရုံတာဝန်ခံ ဒေါက်တာစည်လွင်ဦးက ပြောသည်။

ဒီရေသည် ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်က စတင် တက်လာခဲ့ခြင်းဖြစ်ပြီး ရေတက်ပြီးနာရီပိုင်းအတွင်း လူနာများကို ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဆေးရုံတာဝန်ခံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရေကြီးမှုဖြစ်စဉ်ကြောင့် ဆေးရုံပစ္စည်းတချို့ ပျက်စီးခဲ့သော်လည်း လူနာများ ထိခိုက်မှုတစ်စုံတစ်ရာ မရှိဟုလည်း ၎င်းက ပြောသည်။

ဒီရေသည် နောက်နှစ်ရက်လောက်အထိ ကြီးနေနိုင်သေးသည်ဟု ခန့်မှန်းထားပြီး သက်ကြီးရွယ်အိုအများစု ပါဝင်သည့် လူနာများအား ဘုန်းတော်ကြီးကျောင်းတွင်သာ ဆက်ထားသွားရမည်ဟု ဒေါက်တာစည်လွင်ဦးက ပြောသည်။

၁၆ ခုတင်ဆံ့ အဆိုပါဆေးရုံသည် ယခင်ကလည်း ဒီရေတက်၊ ရေကြီးသည့်ဖြစ်စဉ်မျိုး ကြုံဖူးသော်လည်း ယခုအကြိမ်လောက်  လျင်လျင်မြန်မြန် ပင်လယ်ဒီရေတက်သည့် ဖြစ်စဉ်မျိုး မကြုံဖူးကြောင်း ဒေသခံများက ဆိုသည်။

မွန်ပြည်နယ်အတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်းနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအမြင့်ပေ ၉ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကလည်း သတိပေးထားသည်။

ပေါင်မြို့နယ်အတွင်း ဒီရေတက်ခဲ့ပြီးနောက် လိုအပ်နေသည့် အကူအညီများအတွက် အရပ်ဘက်အဖွဲ့အစည်းများက ပူးပေါင်းကူညီနေကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles