အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘားအံ၊ လှိုင်းဘွဲ့တို့တွင် ရေဘေးသင့်သူ ကိုးထောင်ကျော်ရှိ

(ရန်ကုန်) – ဇူလိုင်လမှ စတင် သည်းထန်နေသော မိုးကြောင့် ကရင်ပြည်နယ်၊ ဘားအံ၊ လှိုင်းဘွဲ့မြို့များတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ဒေသခံ ကိုးထောင်ကျော် ရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက စက်တင်ဘာ ၄ တွင် ပြောသည်။

အိမ်ထောင်စု ၁,၈၉၉ စု မှ လူဦးရေ ၉,၅၃၈ ဦးသည် ကယ်ဆယ်ရေးစခန်း ၁၄ ခုတွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း၊ ရေဘေးဒုက္ခသည်များကို ဆန်၊ ဆီ၊ ဆား အပါအဝင် ရိက္ခာများ၊ ဆေးဝါးများ ထောက်ပံ့ပေးနေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်နီနီအောင်က ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘားအံမြို့ဘေးရှိ သံလွင်မြစ်ရေကြီးနေဆဲဖြစ်သည်။

“စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတယ်။ အခု လက်ရှိတော့ လူသေဆုံးမှု မရှိပါဘူး”ဟု ဒေါ်နီနီအောင်က Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သြဂုတ်လက ဘားအံ၊ လှိုင်းဘွဲ့တို့တွင် ရေဘေးကြောင့် သေဆုံးသူ ၂ဝ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံဒေသအများအပြားတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာဒေသတွင်လည်း ရဲနွယ်ချောင်းရေ လျှံတက်ခြင်း၊ ချောင်းရေတိုက်စားခြင်းတို့ကြောင့် ချောင်းကမ်းဘေးရှိ ဂျို့ပင်ရွာ၊ ဇီးဖြူဘုရားရွာ၊ ဆင်ကူးရွာ၊ ကဒါးရွာတို့တွင် ကုန်ထုတ် လူကူးသစ်သားတံတားများ မျောပါပျက်စီးခဲ့ကြောင်း အစိုးရက ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button