အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

မြန်မာစစ်တပ်နှင့် ရုရှား ဦးဆောင်မည့် အစည်းအဝေးကို နယူးဇီလန်သပိတ်မှောက် 

ပူးတွဲသဘာပတိအဖြစ် မြန်မာစစ်တပ်နှင့် ရုရှားတို့ ဦးဆောင်ကျင်းပမည့် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအစည်းအဝေးကို နယူးဇီလန်အစိုးရက သပိတ်မှောက်လိုက်သည်။

အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ရုရှားနိုင်ငံ မော်စကိုမြို့၌ ဇူလိုင် ၂၀ မှ ၂၁ အထိ ကျင်းပသွားရန်ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်နှင့် အမေရိကန်တို့လည်း ပါဝင်ရန် ရှိသည်။

ရုရှားနှင့် မြန်မာစစ်တပ်က ပူးတွဲသဘာပတိအဖြစ် ဦးဆောင်ကျင်းပမည့် ထိုအစည်းအဝေးကို တက်ရောက်မည်မဟုတ်ကြောင်း နယူးဇီလန်ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယအတွင်းဝန် Michael Swain က Myanmar Now ကို ပြောသည်။

“နယူးဇီလန်၏ အကျိုးစီးပွားနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက အထူးဂရုပြု စဉ်းစားပါတယ်။ အစည်းအဝေးတက်ခြင်းအားဖြင့် ရုရှားနဲ့ မြန်မာရဲ့ချဉ်းကပ်မှုကို ထောက်ပံ့ပေးတယ်လို့ ပုံဖော်ခံရနိုင်တဲ့ အခြေအနေရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြန်မာနှင့် ရုရှားဦးဆောင်မည့် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအစည်းအဝေး တက်ရောက်ခြင်း မပြုရန် ဩစတြေးလျနိုင်ငံက ဆုံးဖြတ်ပြီးနောက် အိမ်နီးချင်း နယူးဇီလန်ကလည်း အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူများ လုပ်ငန်းအဖွဲ့အစည်းအဝေးမှ ဩစတြေးလျနိုင်ငံက ပထမဆုံးအကြိမ် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

“နယူးဇီလန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ အခြားနိုင်ငံတွေလည်း အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းကျင်းပမဲ့ပွဲကို သပိတ်မှောက်ဖို့ တိုက်တွန်းချင်ပါတယ်။ အကြမ်းဖက်မှုဆန့်ကျင်ရေးကို အကြမ်းဖက်စစ်တပ်က လုပ်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါတယ်။ အဓိပ္ပာယ်လည်း မရှိပါဘူး” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေကို ထောက်ထားပြီး သပိတ်မှောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့် အခုလိုအချိန်မှာ ရုရှားနဲ့ ပူးတွဲကျင်းပတာဖြစ်တဲ့အတွက် ပိုပြီးတောင် သပိတ်မှောက်သင့်ပါတယ်” 

ရုရှားနှင့် မြန်မာစစ်တပ် ဦးဆောင်မည့် ထိုအစည်းအဝေးကို အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ တက်ရောက်ရန်ရှိပြီး Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် တုံ့ပြန်ပြောဆိုခြင်း မရှိပေ။ 

မြန်မာနှင့် ရုရှားသည် ၂၀၂၁ ခုနှစ်မှစ၍ ပူးတွဲသဘာပတိအဖြစ် သုံးနှစ်ဦးဆောင်ခွင့်ရခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ် ဇွန်လက ကျင်းပသော ထိုအစည်းအဝေးတွင် ဩစတြေးလျနှင့် နယူးဇီလန်တို့အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့လည်း တက်ရောက်ခဲ့သည်။ 

အာဆီယံနှင့် မိတ်ဆက်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုနေရာက ဖယ်ရှားပြီး NUG အစိုးရကို တရားဝင်အသိအမှတ်ပြု ထိတွေ့ဆက်ဆံသင့်ကြောင်း Justice For Myanmar အဖွဲ့က ယခုလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

“မြန်မာစစ်အုပ်စုဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ဖိတ်ကြားခံရတဲ့အတွက် ပိုပြီးရဲတင်းလာပါတယ်။ အာဆီယံအနေနဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာအနေနဲ့ ပါဝင်ပတ်သက်နေမှုကို အဆုံးသတ်ရပါတယ်” ဟု Justice For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button