အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကြားဖြတ်ရွေးကောက်ပွဲ ဘာကြောင့် လူစိတ်ဝင်စားမှု နည်းခဲ့သလဲ

ပြီးခဲ့သည့် စနေနေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်သည် လွှတ်တော်တစ်ခုလုံးကို အပြောင်းအလဲ မလုပ်နိုင်ဟု မဲဆန္ဒရှင်များက ယူဆသောကြောင့် စိတ်ဝင်စားမှု နည်းပါးခြင်း ဖြစ်နိုင်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သူများက ဆိုသည်။

နိုင်ငံတကာတွင်လည်း ရွေးကောက်ပွဲကို လူစိတ်ဝင်စားမှု နည်းပါးခဲ့သည့် အဖြစ်အပျက်များ ရှိခဲ့ကြောင်း၊ လွှတ်တော်အမတ်လောင်းများကို မဲဆန္ဒရှင်တို့ သဘောမကျသည့် အခြေအနေတွင် မဲပေးသည့် ရာခိုင်နှုန်း ကျဆင်းတတ်ကြောင်း ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာနေသည့် ထိုင်းနိုင်ငံ အခြေစိုက် Asian Network for Free Election (ANFREL) ဥက္ကဋ္ဌ Mr. Damaso G. Magbual က ပြောသည်။

“ထိုင်းတို့၊ မက္ကဆီကိုတို့၊ လက်တင်အမေရိကတို့မှာ ဆိုရင် No Vote လို့ ပြောကြတယ်၊ သူတို့ရွေးချယ်ရမယ့် ရွေးကောက်ခံတွေကို မကြိုက်ကြလို့၊ တချို့က လုပ်ရမယ့် လုပ်ငန်းစဉ်ကို နားမလည်လို့ ဖြစ်ကြတယ်၊ အများစုကတော့ မကြိုက်လို့ဖြစ်ကြတာ” ဟု ၎င်းက ဆိုသည်။

လူစိတ်ဝင်စားမှုနည်းပါးခဲ့ခြင်းမှာ အဆိုပါအချက်ကြောင့်ဖြစ်သည် (သို့မဟုတ်) ကြားဖြတ်ရွေးကောက်ပွဲ သဘောကို မဲဆန္ဒရှင်တို့ တိတိကျကျ နားမလည်ခြင်းကြောင့် ဖြစ်သည် (သို့မဟုတ်) မဲပေးမှုဆိုင်ရာ အသိပညာပေးအစီအစဉ် မလုံလောက်ခြင်းကြောင့်ဖြစ်နိုင်သည် စသဖြင့် သုံးသပ်သင့်ကြောင်း ANFREL ဥက္ကဋ္ဌက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေး မိတ်ဖက်များ အဖွဲ့၏ ရွေးကောက်ပွဲအကြံပေး ဒေါ်မြနန္ဒာက ကြားဖြတ်ရွေးကောက်ပွဲသည် လွှတ်တော်တစ်ခုလုံး အပြောင်းအလဲ မဖြစ်နိုင်ဟု ယူဆသောကြောင့် မဲပေးသည့် ရာခိုင်နှုန်းနည်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

ရန်ကုန်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် နေရာအတွက် တာမွေ မဲဆန္ဒနယ်အတွက် မဲပေးခွင့်ရှိသူ တစ်သိန်းခန့်တွင် လာရောက်မဲပေးသူ ၃ ပုံ ၁ ပုံ ခန့်သာ ရှိခဲ့သည်။

၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲဆန္ဒနယ်အားလုံးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၁ဝ နေရာ၊ ပါတီပေါင်း ၂၄ ခု၏ ကိုယ်စားလှယ်လောင်း ၆၂ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၇ ဦး စုစုပေါင်း ၆၉ ဦးတို့က ပြည်နယ်နှင့်တိုင်း ၉ ခုရှိ မဲဆန္ဒအလိုက် အကျုံးဝင်သည့် မြို့နယ်ပေါင်း ၃၅ မြို့နယ်တွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

NLD ၇ နေရာ၊ ပြည်ခိုင်ဖြိုး ၃ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)က ၁ နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီ(CLD)က ၁ နေရာ၊ တစ်သီးပုဂ္ဂ ဝင်ရောက် ယှဉ်ပြိုင်သူက ၁ နေရာ အနိုင်ရရှိခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button