(၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် မကြာမီကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသို့ သွားရောက်မည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သည်။
ယခုလ ၅ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန် ဘာလာခရစ်ရှ်နန် တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး ရခိုင်ပြည်နယ်အရေးအပါအဝင် ဒေသတွင်းအခြေအနေများ ဆွေးနွေးခဲ့ကြသေးသည်။



