အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒီးမော့ဆိုတွင် တိုက်ပွဲပြင်းထန်နေပြီး ကရင်နီဘက်မှ ၇ ဦး သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ဧပြီ ၁၁ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် လေးရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ကရင်နီကာကွယ်ရေးတပ်များဘက်မှ ၇ ဦး သေဆုံးကြောင်း သိရသည်။

စစ်ကောင်စီ တပ်စွဲထားသည့် ဒီးမော့ဆိုမြို့နယ်၊ နောင်ပုလဲကျေးရွာအနီးတစ်ဝိုက်ကို ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့နှင့် ပူးပေါင်းတိုက်ခိုက်ရာ ဧပြီ ၁၁ တစ်ရက်တည်း၌ပင် ဒေသခံတပ်ဖွဲ့များဘက်မှ ၇ ဦး သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပထမဆုံး တိုက်ပွဲပြန်ဖြစ်တဲ့ရက်ကပါ။ အဲဒီနေ့မှာ တိုက်ပွဲအကြီးအကျယ် ပြန်ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်ကလည်း အထိအခိုက် ကျရှုံးတာရှိသလို စကစဘက်ကလည်း ကျရှုံးထိခိုက်တာ ရှိတာပေါ့လေ။ နှစ်ဦးနှစ်ဖက် အကျအရှုံးတွေက များတာပေါ့” ဟု ၎င်းက ပြောသည်။​

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများရှိသည်ဆိုသော်လည်း အသေးစိတ် မသိရပေ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယနေ့ (ဧပြီ ၁၃) အထိ တိုက်ပွဲပြင်းထန်ဆဲဖြစ်ကာ စစ်ကောင်စီဘက်က ၁၂၀ မမ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ အသုံးပြုသည့်ပြင် ယမန်နေ့တွင် တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့သည်ဟု အထက်ပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။​

“စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတိုင်းတော့ တိုက်ပွဲရှိမှာပဲ။ လက်ရှိ သူတို့ တပ်စွဲထားတယ်။ ကျွန်တော်တို့ က တိုက်မှာပဲ။ သူတို့ တိုးလာရင်လည်း ကျွန်တော်တို့ တိုက်မှာပဲ။ သူတို့ဆုတ်သွားမယ်ဆိုလည်း ကျွန်တော်တို့ လိုက်ပြီးတော့မှ တိုက်မှာပဲ” ဟု KNDF တာဝန်ရှိသူက ပြောသည်။​

ဧပြီ ၁၁ တိုက်ပွဲတွင် အသက် ၂၄ နှစ်အရွယ် ရဲဘော် စိုးသက်ပိုင်ဟိန်း သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲနောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ အတိအကျမပြောသေးနိုင်ကြောင်း KPDF တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

“KPDF ဟာ KNDF မှာ ရှိတဲ့ တပ်ရင်းတွေထဲက တပ်ရင်းတစ်ခုထဲက တပ်ခွဲတစ်ခုအဖြစ် ပါဝင်တိုက်ခိုက်နေတာပါဗျ” ဟု ၎င်းက ဆက်ပြောသည်။

ဒီးမော့ဆိုမြို့နယ်အပြင် ဖရူဆိုမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့က မာခရော်ရှေ့နှင့် လောကျေခူရွာသစ်အကြား စစ်ကြောင်းထိုးလာသော စစ်တပ်ကို KNDF နှင့် မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးပြီး ကားသုံးစီး ပျက်စီးခဲ့ကြောင်း KNDF တပ်ရင်း ၁၅ က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မေလတွင် ကရင်နီဒေသ၌ ပြည်သူတို့ ခုခံတော်လှန်သည့်စစ်ပွဲ စတင်ခဲ့ရာ အချိန်တစ်နှစ်နီးပါး ကြာလာသည်အထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။​

ယခင်ကတည်းက ရှိပြီးဖြစ်သော ကရင်နီတပ်မတော်နှင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ဒေသခံ ကရင်နီတပ်ဖွဲ့များ ပူးပေါင်း၍ အပြင်းအထန် ခုခံတော်လှန်နေခြင်းဖြစ်ကာ စစ်ကောင်စီကလည်း လက်နက်ကြီးမျိုးစုံနှင့် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အင်အားအလုံးအရင်းဖြင့် ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ 

ပြီးခဲ့သည့် မတ်လကုန်အထိ ကရင်နီတပ်များဘက်မှ သေဆုံးသူ ၁၀၁ ဦးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ယခုလဆန်းပိုင်းတွင် သတင်းထုတ်ပြန်သည်။​

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကိုမူ မသိရပေ။

တိုက်ပွဲများကြောင့် ကရင်နီဒေသရှိ မြို့နယ် ၈ ခုတွင် စစ်ဘေးရှောင်ပြည်သူ ၁၉၇,၀၀၀ ကျော်ရှိကြောင်း ကရင်နီအရပ်ဘက်လူမှုအဖွဲ့ကွန်ရက် (KSCN) ၏ မတ်လကုန်ပိုင်းစာရင်းက ဆိုသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles