အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်းရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည် ၁၃၀ ကျော် ယနေ့ စတင်ဝင်ရောက်

ရန်ကုန် – ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်အရ ထိုင်းနိုင်ငံဘက်ခြမ်း ဒုက္ခသည်စခန်းများရှိ မြန်မာဒုက္ခသည်များ တတိယအကြိမ်အဖြစ် ပြန်လည်ဝင်ရောက်လာခဲ့ရာ ယနေ့ ၁၃၃ ဦးကို မြဝတီမြို့တွင် ပြန်လည် လက်ခံခဲ့ကြောင်း မြဝတီမဲဆန္ဒနယ် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

အဆိုပါ ဒုက္ခသည်များမှာ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း နှစ်ခုမှ ဖြစ်ပြီး နောက်နှစ်ရက်တွင်လည်း ဆက်လက်ဝင် ရောက်လာဦးမည်ဖြစ်ကာ စုစုပေါင်း ဒုက္ခသည်စခန်း ငါးခုမှ ဒုက္ခသည် ၅၇၅ ဦး ပြန်လည်လက်ခံမည်ဖြစ်သည်။

ယနေ့ ရောက်ရှိလာသည့် ၁၃၃ ဦးမှာ လှိုင်းဘွဲ့၊ မြဝတီ၊ ဖာပွန်၊ ဝေါနှင့် ရန်ကုန် စသည့်ဒေသများမှဖြစ်ပြီး အိမ်ထောင်စု အားဖြင့် ၃၃ စုဖြစ်သည်ဟု ၎င်းက ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနက သုံးဦးအထက်ရှိ အိမ်ထောင်စုများအား ကျပ်သုံးသိန်းစီ၊ နှစ်ဦးအထိ အိမ်ထောင်စုများအား ကျပ်နှစ်သိန်းစီ၊ တစ်ဦးတည်းရှိလျှင် ကျပ် တစ်သိန်းစီ ထောက်ပံ့ပေးပြီး တခြားသော လိုအပ်သည့် အကူအညီ ပစ္စည်းများကိုလည်း ထောက်ပံ့ခဲ့သည် ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒုက္ခသည်များ ပြန်ပို့ရေး ၂၀၁၆ ခုနှစ်တွင် မြန်မာနှင့်ထိုင်းအစိုးရချင်း သဘောတူညီချက်ယူပြီးချိန်မှစ၍ ယင်းနှစ် အောက်တိုဘာလတွင် ပထမအကြိမ်၊ ၂၀၁၈ ခုနှစ် မေလတွင် ဒုတိယအကြိမ် စုစုပေါင်း ဒုက္ခသည် ၁၆၄ ဦး နေရပ် ပြန်ပို့နိုင်ခဲ့သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ယနေ့ သတင်းထုတ်ပြန်သည်။

ပြန်ဝင်လာသူများ၏နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေကြောင်း၊ လတ်တလောတွင် ၎င်းတို့ တည်းခိုနိုင်ရန်အတွက် အဆောင်များထားရှိထားကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံရေးဦးစီးဌာနမှ မြဝတီခရိုင်ဦးစီးမှူး ဦးတင်မောင်ဝေက ပြောသည်။

ယခင်အကြိမ်များက ပြန်လည်ဝင်ရောက်လာသူများကို ၎င်းတို့နေရပ်တွင် ပြန်လည်နေရာချထားပေးခဲ့ပြီး အဆင်မပြေ ဖြစ်သည်ဟု မကြားရကြောင်း၊ တောင်းဆိုမှုများ ထပ်မံမပေါ်ပေါက်သေးကြောင်း ၎င်းက ဆက်ပြောသည်။

သူတို့အပြန်အတွက် လိုအပ်တဲ့ စရိတ်တွေပါ ကျွန်တော်တို့က ဒေသအလိုက် ဘားအံအထိဆိုရင် တစ်ဦးကို ကျပ် ၁၀,၀၀၀၊ ကျော်သွားရင် ကျပ် ၁၅,၀၀၀၊ ရခိုင်တို့ တနင်္သာရီတို့ဆိုရင် ကျပ် ၀,၀၀၀ အထိ ထပ်မံထောက်ပံ့တယ်။ နောက်ပြီး ပြန်ဝင်လာကြသူတွေထဲမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေအတွက်လည်း လူမှုဝန်ထမ်းဌာနက သူတို့အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေလည်း ထောက်ပံ့တယ်ဟု ဦးတင်မောင်ဝေက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles