အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာ နမခနှင့် ရဲတပ်ရင်းတစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)၊ ချင်းတွင်းမြစ်တံတား အနောက်ဘက်ရှိ ရဲတပ်ရင်းတစ်ခုတို့ကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၉) ညနေ ၆ နာရီဝန်းကျင်၌ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

နမခအတွင်းပိုင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု Freedom Revolution Force (FRF) က ယနေ့ နံနက်တွင် ထုတ်ပြန်သည်။

မဟာမိတ်များဖြစ်သည့် KG အဖွဲ့၊ ဗိုလ်လင်းယုန်အဖွဲ့တို့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီးပစ်ကူခဲ့သည့် Monywa Night King အဖွဲ့မှ ကိုဘလက်ကီက နမခနှင့် အပြန်အလှန်ပစ်ခတ်မှုများက နာရီဝက်ခန့် ကြာမြင့်ကြောင်း၊ ပျက်စီးထိခိုက်မှုအခြေအနေကို စုံစမ်းမရနိုင်သေးကြောင်း ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အပြင်ကနေ ဒရုန်းနဲ့ကြည့်တာ။ ပစ်တာတွေက တပ်ထဲကို အကုန်ကျတယ်။ ဘယ်လောက်သေလဲ၊ ပျက်စီးလဲ ဆိုတာတော့ အတည်ပြုလို့မရနိုင်ဘူး။ လက်နက်ကြီး၊ လက်နက်ငယ်လည်း ပါတယ်။ ရှော့တိုက်ဒုံးလည်းပါတယ်”ဟု ၎င်းက ဆိုသည်။

“လက်နက်ကြီး၊ လက်နက်ငယ်အဖွဲ့ ပြန်ဆုတ်ချိန်ရအောင် ကျွန်တော်တို့က ခံပစ်တာ။ ကျွန်တော်တို့က အနီးကပ်တော့ မပါဘူး”

FRF ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ပါရှိသည်။

နမခ တိုက်ခိုက်မှုအပြီး နာရီပိုင်းခန့်အကြာ ထိုနေရာမှ ချင်းတွင်းမြစ်ကူးတံတားတစ်ခုသာခြားသည့် အနောက်ဘက်ရှိ ရဲစခန်းတစ်ခုကိုလည်း ဒေသအခြေစိုက် ပြောက်ကျားအဖွဲ့ ၅ ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြသည်။

ယမန်နေ့ ည ၁၀ နာရီခွဲတွင် မုံရွာမြို့အနောက်ဘက် ယင်းမာပင်ဘက်မြို့နယ်ဘက်ခြမ်း၊ အောင်ဇေယျကုန်းအနီးရှိ ရဲတပ်ရင်း ၂၈ ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု Monywa Night King အဖွဲ့ဘက်မှ ဆိုသည်။

ထိုတိုက်ပွဲ ၂ နာရီခန့် ကြာမြင့်သည်ဟု ထိုအဖွဲ့မှ ကိုဘလက်ကီက ပြောသည်။

“ထိခိုက်ပျက်စီးမှုများနိုင်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပါတယ်။ ၆၀ မမ၊ ၄၀ မမတွေ ပါတယ်။ ရှော့တိုက်ဒုံးတွေ ပါတယ်။ ကျွန်တော်တို့မဟာမိတ်အဖွဲ့ဝင် ဆယ်ဂဏန်းလောက်နဲ့ ဝိုင်းပစ်တာ”ဟု သူက ဆိုသည်။

မုံရွာမြို့နယ်အခြေစိုက်ပြောက်ကျားအဖွဲ့ဝင်များဖြစ်သော Monywa The Boys, Unity Force Monywa, Brother Defense Force, ဆားလင်းကြီးမြို့နယ်အခြေစိုက် Salingyi Border Taskတို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း Monywa Night King အဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက်ကြောင့် နမခ နှင့် ရဲတပ်ရင်း ၂၈ ပျက်စီးထိခိုက်မှုအခြေအနေအသေးစိတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းရာ ဒေသများသို့ မုံရွာမြို့အခြေစိုက် နမခဘက်မှ စစ်တပ်စေလွှတ်လေ့ရှိသည်ဟု သိရသည်။ 

အလားတူ ယမန်နေ့ ညက မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုတောင်ပိုင်း PDF ဘက်က ထုတ်ပြန်ထားသည်။

ယမန်နေ့ညလည်း ရန်ကုန်မြို့အခြေစိုက် People’s Force အမည်ရ ပြောက်ကျားအဖွဲ့က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ လေတပ်စခန်းကို ဝင်ရောက်၍ လေယာဉ်ကို ဗုံးများတပ်ဆင်ခဲ့ကြောင်း၊ အဝေးထိန်းခလုတ်ကိုနှိပ်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့မှုအတွင်း လေယာဉ် ၂စီး ပျက်စီးသွားကြောင်း ထိုအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်ကမူ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ် မရှိကြောင်း ငြင်းဆိုထားသည်ဟု BBC မြန်မာပိုင်းသတင်းတွင် ဖော်ပြထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button