ဖားကန့်ဒေသခံ
-
ရုပ်သံသတင်း
ကျောက်စိမ်းမြို့တော် ဖားကန့်မှာ တိုက်ပွဲတွေ ပြင်းထန်လာ ၊ ဒေသခံ ငါးထောင်နီးပါး စစ်ရှောင်နေရ
နာမည်ကျော် ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ်၊ ဖားကန့်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားရာနဲ့ချီ စစ်ကြောင်းထိုးနေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ တစ်လကျော် ရှိလာပါပြီ။ ထောင်နဲ့ချီတဲ့ ဖားကန့်ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရသလို ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေလည်း ရပ်တန့်နေပါတယ်။