NUG
-
သတင်း
ရန်ကုန်- မန္တလေးအမြန်လမ်း အုတ်တွင်းမြို့နယ် တိုက်ပွဲတွင် အရပ်သား သေဆုံးမှုများ ရှိနေ
ပဲခူးတိုင်း အုတ်တွင်းမြို့နယ်ရှိ အမြန်လမ်းဘေး မိုင်တိုင် ၁၄၄ အနောက်ဘက် ရွှေလောင်းကျေးရွာ နှစ်ရက်ဆက် တိုက်ပွဲတွင် အသက်နှစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုများရှိ သည်။
-
သတင်း
မြိုင်မြို့နယ်အတွင်းမှ တော်လှန်ရေးတပ်များ၏ ရေနံတွင်းများကို စစ်တပ် မိုင်းခွဲဖျက်ဆီး
မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ကြား Well 2 ရေနံမြေအနီး တဲကြီးကျေးရွာတွင် ဩဂုတ်လကုန် ကတည်းက နေရာယူထားသည့် စစ်တပ်သည် အနီးရှိရေနံမြေကို ဝင်ရောက်ကာ ရေနံတွင်းများ၊ ရေနံတူးစက်များနှင့် ချက်ဖိုများကို မိုင်းခွဲဖျက်ဆီးမှုများ လုပ်ဆောင်နေသည်မှာ နှစ်ပတ်နီးပါး ရှိလာကြောင်း ဒေသတွင်းမှ…
-
သတင်း
မြစ်ခြေ စစ်တပ်စခန်း တိုက်ခိုက်ခံရမှု ဗုံးကြဲတုံ့ပြန်၊ ၅ ဦးသေဆုံးပြီး ဒေသခံ ထောင်ချီတိမ်းရှောင်
မြို့အနောက်ဘက်တွင် အခိုင်အမာတပ်စွဲထားသော စစ်တပ်စခန်း တိုက်ခိုက်ခံရမှုကြောင့် အနီးဝန်းကျင်ကို လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်နေရာ ဒေသခံ ငါးဦး သေဆုံးခဲ့သလို ခုနစ်ရွာခန့်မှ ဒေသခံ ၅၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
-
သတင်း
တကောင်းနီကယ်စက်ရုံအနီး စစ်ရေယာဉ်များ ရပ်ထားပြီး ကချင်သို့ ဆက်တက်နိုင်ခြေရှိ
ထီးချိုင့် မြို့နယ် တကောင်းနီကယ်စက်ရုံအနီး ရပ်တန့်ထားသည့် ရေယာဉ်များမှာ နီကယ်သတ္တုများကို သယ်ယူရန်နှင့် ရေယာဉ်အချို့မှာ ကချင်ပြည်နယ်ဘက်သို့ စစ်ကူပို့ရန် ဆန်တက်နိုင်ကြောင်း မြစ်ကြောင်းတလျှောက် တော်လှန်ရေးအင်အားစုများက ယူဆထားသည်။
-
သတင်း
ပျူစောထီးသံသယဖြင့် ဖမ်းဆီးခံရသည့် ရဟန်း ၁ ပါး ပျံလွန်ပြီးနောက် ချောင်းဦးနယ်ကို စစ်တပ် ထိုးစစ်ဆင်
တော်လှန်ရေးဘက်က ဖမ်းဆီးစစ်ဆေးနေသည့် ရဟန်းတစ်ပါး ပျံလွန်ပြီးနောက် ထိုရွာနှင့်အနီးဝန်းကျင် ကို စစ်တပ်က စီးနင်းမီးရှို့မှုများ ပြုလုပ်နေသဖြင့် ၁၂ ရွာခန့်မှ ဒေသခံ ထောင်ချီ ထွက်ပြေးနေရသည်။



