KNU
-
သတင်း
မြဝတီအနီး မင်းလက်ပံတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်နေ
မြဝတီမြို့တောင်ဘက်ရှိ ဝေါ်လေမြို့အနီး ဝေါ်လေဗျူဟာကုန်းတွင် တော်လှန်ရေးတပ်များ၏ အဝိုင်းခံရသော စစ်တပ်တပ်ဖွဲ့ဝင်များထံ စစ်ကူပို့နိုင်ရန်အပါအဝင် မြဝတီ- ဝေါ်လေကားလမ်းကို ပြန်လည်စိုးမိုးနိုင်ရန် စစ်ကြောင်းထိုးနေခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုရှိသည်။
-
သတင်း
နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်ဖွင့်ရန် စစ်အုပ်စု ကြိုးပမ်း၊ ထက်ဝက်ကျော်ကို လက်လွှတ်ထားရ
အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ကုန်သွယ်ရေးလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်၍ နယ်စပ်ကုန်သွယ်ရေးပြန်စရန် စစ်တပ်က အပြင်းအထန်ကြိုးစားနေသော်လည်း နိုင်ငံအနှံ့အပြားရှိ ကုန်သွယ်ရေးစခန်း ၁၉ ခုအနက် ၁၀ ခုကို တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။
-
သတင်း
အပစ်ရပ်ဆွေးနွေးဖက် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေကို စစ်တပ်ဗုံးကြဲ
အာဏာသိမ်းစစ်တပ်နှင့် အပစ်ရပ်ထားပြီး ပုံမှန်ဆက်ဆံရေး ထူထောင်ထားသည့် မွန်ပြည်သစ်ပါတီ (NMSP) တပ်ဖွဲ့ဝင်ဟောင်းများ၏ နေအိမ်များကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူနေအိမ် ငါးလုံးထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ် အချို့ထံက သိရသည်။
-
ဓာတ်ပုံအက်ဆေး
၃ နှစ်ကြာသက်တမ်းရှိ KNU နဲ့ PDF ပူးတွဲ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း
အာဏာသိမ်းစစ်တပ်ရဲ့ ဗိုလ်မှူးကြီးအဆင့်အထိပါဝင်တဲ့ စစ်သုံ့ပန်း၂၀၀ ဝန်းကျင်ကို KNU နဲ့ PDF တို့က တောတွင်းစခန်းတစ်ခုမှာ ပူးပေါင်းထိန်းသိမ်းထားတာ သုံးနှစ်ကြာ သက်တမ်းရှိခဲ့ပါပြီ။
-
သတင်း
ချင်းပြည်နယ် တွန်းဇံနှင့် ထိုင်းနယ်စပ် မောတောင်မြို့တို့ကို စစ်တပ်ပြန်သိမ်း
နိုင်ငံအနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ် တွန်းဇံမြို့နှင့် တောင်ပိုင်းကမ်းရိုးတန်းဒေသ၊ ထိုင်းနယ်စပ်မြို့ မောတောင်တို့ကို စစ်တပ်က ယမန်နေ့(မေလ ၁၉ ရက်)တွင် ပြန်လည်သိမ်းပိုက်လိုက်သည်။



