ရခိုင်
-
သတင်း
ပေါက်တောတွင် AA ရဲဌာနဖမ်းထားသည့် သက်ငယ်မုဒိမ်း သံသယရှိသူ ထွက်ပြေးသွား
အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းမှုကျူးလွန်သည်ဟု သံသယရှိသူ တစ်ဦးအား ရပ်ရွာက ဖမ်းဆီး၍ AA ရဲဌာနထံ အပ်နှံခဲ့သော်လည်း ညတွင်းချင်း ထွက်ပြေးသွား၍ တာဝန်ကျသူများအား အရေးယူစေလိုသည်ဟု ဒေသခံများက ဆိုကြသည်။
-
သတင်း
ရခိုင်- မကွေး ကုန်သွယ်ရေးလမ်းတွင် စစ်တပ် နေရာယူထား၍ ရွာ ၆ ရွာ ထွက်ပြေးရ
စစ်တပ်က ယခင်လနောက်ဆုံးပတ်တွင် ရခိုင်နှင့်မကွေး ဆက်သွယ်ထားသော လမ်းပိုင်းရှိ အချက်အချာကျသော ဆောဒေသ ကျေးရွာတစ်ခုတွင် တပ်စွဲထားသော အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းသည် စစ်ရေး လှုပ်ရှားနေသဖြင့် ရခိုင်သို့သွားသော ကုန်စည်လမ်းပိတ်ကာ ဈေးများတက်လာသည်။
-
ရုပ်သံသတင်း
ရခိုင်မှာ မိုး၊ လေပြင်းထန်ပြီး စစ်ရှောင်တွေ အရေးပေါ်အကူအညီလို
ဧပြီ ၂၈ ရက်နေ့ကစလို့ မိုးစရွာလာတာဖြစ်ပြီး၊ ဧပြီ ၂၉ ရက်နေ့မှာတော့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတွေပါ တိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာ စစ်ဘေးရှောင်စခန်းမှာ နေအိမ်တွေ အများအပြား ပျက်စီးခဲ့ပါတယ်။
-
သတင်း
မကွေး-ရခိုင် ဆက်သွယ်ရေးလမ်းပိုင်းတစ်ခုကို စစ်တပ်ပိတ်ဆို့
ဆောမြို့နယ်၊ ကံကြီးရွာထဲ စစ်တပ်ဝင်ရောက်သွားပြီး ကားလမ်းပိတ်လိုက်သဖြင့် ဒေသခံတို့ နေရပ်စွန့်ခွာကြရသည်၊ ရခိုင်ဒေသသို့ ကုန်စည်စီးဆင်းရာလမ်းကြောင်းတစ်ခုကို ပိတ်လိုက်ခြင်းလည်း ဖြစ်သည်။
-
ရုပ်သံသတင်း
ရခိုင်က မြို့နယ် ၂ ခုကို ဗုံးကြဲ၊ ဒေသခံ ၁ ဦးသေဆုံး ၁၄ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ်က မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဧပြီလ ၁၉ရက်နေ့မှာ စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး၊ ၁၄ယောက်လောက် ဒဏ်ရာရသွားပါတယ်။



