TNLA
-
သတင်း
မိုးမိတ်နှင့် ဗန်းမော်တွင် တိုက်ပွဲများ ဆက်ပြင်းထန်၊ စစ်တပ်၏ စခန်းအချို့ကို KIA သိမ်းပိုက်
စစ်ကောင်စီတပ်၏ ဗျူဟာကုန်း တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက Myanmar Now ကို ပြောသည်။
-
သတင်း
ကျောက်မဲတွင် SSPP ပစ်ခတ်၍ TNLA ရဲဘော်၂ ဦး သေဆုံးမှု နှစ်ဖက်တပ်များ ညှိနှိုင်းနေဟု ဆို
နှစ်ဖက်တပ်များက ညှိနှိုင်းဖြေရှင်းနေသည်ဟု ဆိုသော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသဖြင့် ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးစေလိုကြောင်း သေဆုံးသွားသည့် တပ်သားများ၏ မိသားစုဝင်များက ပြောသည်။
-
သတင်း
ရှမ်းမြောက် ကုန်သွယ်ရေးလမ်းပေါ်ရှိ မြို့များတွင် စစ်တပ်နှင့် MNDAA စစ်ရေးတင်းမာ
မြန်မာ- တရုတ် ကုန်သွယ်ရေးလမ်းမပေါ်ရှိ MNDAA ထိန်းချုပ်မြို့များတွင် ညစဉ်နီးပါး လေကြောင်း ကင်းထောက်မှုနှင့် နှစ်ဖက်လုံး စစ်ရေးလှုပ်ရှားမှုများ ရှိလာသဖြင့် တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
-
သတင်း
သိန္နီမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး MNDAA တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရ
MNDAA ၏ ယမ်းသိုလှောင်ရုံတစ်ခု ယနေ့နံနက်အစောပိုင်းတွင် ပေါက်ကွဲမှုဖြစ်ကာ လူထိခိုက် သေဆုံးမှုများရှိခဲ့ပြီး အဆောက်အအုံနှင့် အနီးဝန်းကျင် ထိခိုက်ပျက်စီးခဲ့သည်။
-
သတင်း
ရှမ်းမြောက် စစ်ဆေးရေးဂိတ် ပစ်ခတ်မှု ပြည်သူ့စစ်နှင့်ဆက်နွှယ်သည့် အမျိုးသမီး သေဆုံး
မူဆယ်နှင့် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အကြား လမ်းပိုင်းပေါ်ရှိ MNDAA နှင့် အာရက္ခတပ်တော် (AA) တို့၏ စစ်ဆေးရေးဂိတ်တွင် ရပ်တန့်မပေးသော ကားတစ်စီး ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသည့် အမျိုးသမီးမှာ လုံထန်ပြည်သူ့စစ်ခေါင်းဆောင်၏ ချွေးမဖြစ်သည်ဟု သိရသည်။



